Apple ကအသစ်ထုတ်လုပ်လိုက်တဲ့ 2018 MacBook Air မှာ ဘယ်လိုမျိုးထူးခြားချက်တွေပါလာမလဲ

ပြီးခဲ့တဲ့ October 30 က Apple ကနေ MacBook Air 2018 ကို မိတ်ဆက်ပေးလိုက်ပါတယ်။ ထူးခြားတာက ဆက်ပြီးထုတ်မယ်လို့မထင်ကြတဲ့ MacBook Air ကို Honest to god update အဖြစ် Apple ကထုတ်ပေးလိုက်လို့ပါ။
ထွက်ရှိလာတဲ့ပုံကလည်း Retina Display ရယ် နောက်ပြီး အရမ်းမိုက်တဲ့ iconic design လေးနဲ့ထွက်လာတာဆိုတော့ကာ …

Retina Display

MacBook Air 2018 ဟာ ၁၃.၃ လက်မမျက်နှာပြင်ဖြစ်ပြီး pixels ပေါင်း လေးသန်း ( မီလျံ ) ပါဝင်တဲ့ 2560×1600 display နဲ့ထွက်လာတာပါ။ Display မှာ True Tone Feature မပါပေမယ့် vivid color ရယ်၊ အရင်ထွက်ပြီးတဲ့ generation တွေထက်စာရင် အရောင်အသွေးစုံလင်မှုက ၄၈ရာခိုင်နှုန်းပိုလာပါတယ်။ Aspect Ratio က ပုံမှန် 16:10 ဆိုပေမယ့် Iconic Aluminum Bezel မပါတော့ပဲ အဲ့ဒီအစား Black Bezel နဲ့ဆိုဒ်တစ်ဝက်လောက်ကိုအစားထိုးလိုက်ပါတယ်။
အပြင်ပိုင်း hardware ကြည့်မယ်ဆိုရင်လည်း 100 ရာခိုင်နှုန်း recycle ပြန်လုပ်နိုင်တဲ့ အလူမီနီယမ် နဲ့ပြုလုပ်ထားပါတယ်။

Design

ဒီဇိုင်းပိုင်းကတော့ အရင်ထွက်လာတဲ့ပုံစံတွေကနေ ကွဲသွားတယ်ဆိုပေမယ့် Iconic Wedge Shape ကတော့ကျန်နေပါသေးတယ်။ ဒါပေမယ့် ဒီဇိုင်းကတော့ အသစ်ပါပဲ။ MacBook Air အသစ်လေးဟာ ၁၅.၆မီလီမီတာ အထူပဲရှိပါတယ်။ အဲ့တော့ပိုပေါ့ပြီး ပိုကျစ်တဲ့ပုံလေးကြောင့်ပိုပြီးစမတ်ကျတာပေါ့။ အလေးချိန်ကလည်း ၂.၇၅ ပေါင်ပဲရှိတာကြောင့် အရင်ထွက်လာတဲ့ MacBook Air ရဲ့လေးပုံတစ်ပုံသာရှိတဲ့ weight ဖြစ်တယ်။

Touch ID

MacBook Air ဟာ Touch Bar မပါဝင်ပဲ Touch ID ပါဝင်တဲ့ ပထမဆုံးသော MacBook ဖြစ်ပါတယ် ။ Apple ဟာ Function Row ကို သေးငယ်အောင်လို့ စီစဉ်ထားပါတယ် ။
Touch ID System မှာ T2 Chip နဲ့ ထိမ်းချုပ်ထားပါတယ် ။ T2 Chip ဟာ Enclave နဲ့ Boot တို့ကို Secure ဖြစ်စေရန် Run ပေးပါတယ် ။ ဒါ့အပြင် MacBook Air ပေါ်ကနေလည်း Hey Siri ကို Access လုပ်ပြီး အသုံးပြုနိုင်တဲ့အတွက်လည်း T2 Chip ကို ကျေးဇူးတင်ရပါမယ် ။

The Specs

MacBook Air ဟာ ( 1.6 ) GHz Dual-Core Core i5 Processor နဲ့ပဲ ဖြစ်ပါတယ် ။ ဒါပေမယ့် သင့်ရဲ့ တစ်နေ့တာ လုပ်ဆောင်မှုတွေအတွက်ကတော့ လုံလောက်ပါတယ် ။ Intel ၏ 8th Generation ဖြစ်တဲ့ Intel UHD 617 Graphics ကို Coupled ထည့်ပေးထားပါတယ် ။ ဒါ့အပြင် Thunderbolt Port ကို အသုံးပြုပြီး External Graphics ကို ထပ်ပြီး ထည့်လို့ ရပါသေးတယ် ။
RAM အနေဖြင့် 8 GB ပါဝင်ပြီး 16 GB အထိ ထပ်မြှင့်လို့ ရပါဦးမယ် ။
Base Model အနေဖြင့် 128 GB SSD နဲ့ ထွက်လာပြီး 1.5 TB အထိလည်း ထပ်တိုးချဲ့လို့ ရပါမယ် ။
Battery Life ကတော့ အတူတူပါပဲ ။ Web Browsing ကို ( 12 ) hours ရပါမယ် ။ ဒါပေမယ့် Video ကြည့်ရှုရာမှာတော့ ( 13 ) hours ခံပါမယ် ။

Thunderbolt USB-C Ports

MacBook Air တွေဟာ USB-A Port ကို အသုံးပြုနေခဲ့ရာမှ အခုတော့ Thunderbolt USB-C Ports ( 2 ) ခုနဲ့ ပြောင်းလဲလိုက်ပါပြီ ။ သင့်အနေဖြင့် Accessories တွေနဲ့ Connect လုပ်လိုပါက Dongles ကို အသုံးပြုရပါမယ်
3rd Generation Butterfly Keyboard
Latest MacBook Pro , MacBook တို့မှ Keyboard ကိုပဲ MacBook Air မှာ အသုံးပြုထားပါတယ် ။ MacBook Air ရဲ့ Keyboard ဟာ Laptop တွေထဲမှာတော့ အကောင်းဆုံးသော Butterfly Keyboard တစ်ခု ဖြစ်ပါတယ်

20% Larger Force Touch Trackpad

Force Touch Trackpad အတွက် Trackpad နည်းလမ်းဟောင်းကိုပဲ အသုံးပြုထားပါတယ် ။ Physical Click Mechanism အစား Haptic Feedback ကို အသုံးပြုထားပါတယ် ။ ဒီ Trackpad ရဲ့ မျက်နှာပြင်ကကို အခြားသော Older Model တွေနဲ့ နှိုင်းယှဉ်ပါက ( 20 % ) ပိုပြီး ကြီးပါတယ် ။

Louder Speakers

သင့်အနေဖြင့် MacBook Air ပေါ်ကနေ Movies ကြည့်ရှု အချိန်ဖြုန်းလေ့ ရှိတတ်တဲ့ သူဆိုရင်တော့ Speaker System အသစ်ကို နှစ်ခြိုက်မိပါလိမ့်မယ် ။ Bass တွေက ပိုပီသပြီး ( 25 % ) ပိုကျယ်လာလို့ပဲ ဖြစ်ပါတယ် ။

Three Color Options

Space Grey , Silver and Gold ဆိုပြီး ရွေးချယ်စရာတွေ ရှိပါမယ် ။

ဈေးနှုန်း

MacBook Air အသစ်ကို 128 GB SSD Model အတွက် ( $1199 ) ကနေ စပါမယ် ။
Pre-Order အနေဖြင့် ယခုမှာယူနိုင်ပြီဖြစ်ပြီး November 7 ရက်နေ့မှာတော့ Shipping စပါမယ် ။

Gabriel

REF : IOS Banker Myanmar

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။