ပရိသတ်တွေကို ဆုချီးမြင့်မယ့် နေတိုး နဲ့ မိုးဟေကို တို့ရဲ့ အခွီ Tik Tok Challenge



နိုဝင်ဘာလ ၉ ရက်နေ့မှာ ရုံတင်ပြသတော့မယ့် ” အမုန်းတွေခေါက်ထားလိုက် ” ရုပ်ရှင်ဇာတ်ကားမှာတော့ မင်းသား နေတိုးနဲ့ မင်းသမီး မိုးဟေကိုတို့က ပါဝင်သရုပ်ဆောင်ခဲ့ကြပါတယ်။
ဒီရုပ်ရှင်ဇာတ်ကားက ဟာသကားလဲဖြစ်တာမို့ ပရိသတ်တွေက သေချာပေါက်ကို သဘောကျကျမှာဖြစ်ပေမဲ့ ပိုပြီး စိတ်ဝင်စားဖိုကောင်းတဲ့ Challenge တစ်ခုကို နေတိုး နဲ့ မိုးဟေကို တိုက စိန်ခေါ်ခဲ့တယ်



ဒါကတော့ နေတိုးနဲ့ မိုးဟေကိုတို့နှစ်ဦးရဲ့ ဟာသဇာတ်ဝင်ခန်းလေးတစ်ခုကို Tik Tok App မှာ ပြန်လည် သရုပ်ဆောင်ပြီး ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။့ယှဉ်ပြိုင်ထားတဲ့  Video Post တွင် Like အရေအတွက် အများဆုံးရရှိသူ (၃) ဦးအား ပထမဆု ၅ သိန်းကျပ်၊ ဒုတိယဆု ၃ သိန်းကျပ်၊ တတိယဆု ၂ သိန်းကျပ်များ ပေးအပ်ချီးမြှင့်သွားမှာ ပါ။  ပြိုင်ပွဲအချိန်ကာလအနေနဲ့ကတော့ ( ၁.၁၁.၁၈ မှ ၁၄.၁၁.၁၈ ထိ) ပဲ ဖြစ်ပါတယ်။
ကဲ ပရိသတ်တွေ ကဘယ်လို ပုံစံကို Challenge ရမလဲ ဆိုတာ  Link လေးကို တချက်ကြည့်လိုက်ကြနော်။

https://www.facebook.com/AMoneTweKhoutHtarLite.Movie/videos/329621384255986/

ကဲ အားလုံး Tik Tok ဆော့ပြီး အပြိုင် challenge ကြရအောင်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။