ရန်ကုန်မြို့ရဲ့ပထမဆုံး 3D လူကူးမျဉ်းကြား

ရန်ကုန်မြို့ရဲ့ ပထမဆုံးသော သုံးဖက်မြင်လူကူးမျဉ်းကြားကို Graffiti ပညာရှင်တစ်ဦးဖြစ်တဲ့ ကိုအာကာကျော် က အောက်တိုဘာ ၃၁ ရက် ညပိုင်းက ရေးဆွဲပေးခဲ့ပါတယ်။ ပိုမိုဘေးကင်းသောလမ်းများဆီသို့ ဆိုတဲ့ကမ်ပိန်းခေါင်းစဉ်အောက်မှာရေးဆွဲတာဖြစ်ပြီး လူကူးမျဉ်းကျားနားကိုရောက်လာတဲ့ ကားတွေအရှိန်လျှော့စေဖို့၊ လမ်းအသုံးပြုသူတွေဘေးကင်းစေဖို့ရည်ရွယ်ပါတယ်။ ရေးဆွဲခဲ့တဲ့နေရာကတော့ ပြည်လမ်း၊ Junction Square အနီးမှာပါ။

အဲ့ဒီကမ်ပိန်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ နဲ့ ပူးပေါင်းပြီး ကိုအာကာကျော်က ရေးဆွဲခဲ့တာဖြစ်ပါတယ်။

Gabriel






we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။