ပွဲတက်ဝတ်စုံကြောင့် အထင်လွဲနေတာကို ဖြေရှင်းခဲ့တဲ့ နေခြည်ဦး



ပရိသတ်တွေရဲ့ အချစ်တော် ချီချီ နေခြည်ဦးတစ်ယောက် မြန်မာနိုင်ငံမှာ ရုံတင်ပြသတော့မယ်ဖြစ်တဲ့ မီ ရုပ်ရှင်ဇာတ်ကားကြီး press showပွဲ ကို ထူးခြားပြီးလှပတဲ့ ဝတ်စုံဒီဇိုင်းနဲ့ တတ်ရောက်အားပေးခဲ့ပါတယ်။



ပရိသတ်တွေအတော်များများထင်ခဲ့ကြတာတော့  အချစ်တော် နေခြည်ဦးက သူမရဲ့ဖက်ရှင်ကို  1950 ကာလက ပုံစံဖြစ်တဲ့ ပွဲတတ်ဝတ်စုံနဲ့ အခုလိုပွဲတတ်လာတယ်လို့ ပြောခဲ့ကြပါတယ်။



ဖက်ရှင်နဲ့ပတ်သက်ပြီး အခုလိုပြောလာကြတာဖြစ်တဲ့အတွက် နေခြည်က ပြန်လည်ပြီး ဖြေရှင်းခဲ့တာကတော့
နေခြည် dress up လုပ်သွားတာ 1950s inspired မဟုတ်ပါဘူး။ မြန်မာအင်္ကျီဝတ်မယ်လုပ်ပြီးမှ ပျက်သွားလို့ ရှိတာလေးဝတ်သွားရတာကို fashion ချစ်ပြည်သူတွေတစ်မျိုး မထင်စေချင်လို့ပါ။ တဲ့



ခုလိုဖြေရှင်းချက်လေးနဲ့အတူ “ မီ” ရုပ်ရှင်ဇာတ်ကားကြီး နဲ့ပတ်သက်ပြီး ထင်မြင်ချက်လေးကိုပါ အတူပြောပြသွားခဲ့တယ်။
မနေ့က စာရေးဆရာမကြီး ကြည်အေးရဲ့
မီကို အသက်သွင်းပုံဖော်လိုက်တဲ့
"မီ" ရုပ်ရှင်ကားကြီး press show ကို
မသုPaing Phyoe Thu အတွက်ကော
သူငယ်ချင်း Aung Ye Htike အတွက်ကော
သွားအားပေးခဲ့ပါတယ်။
၁၉၅၀ ဝန်းကျင်က မြန်မာနိုင်ငံရဲ့ setting အားလုံးကို ရအောင်ဖန်တီးနိုင်တဲ့အတွက်လည်း ဒါရိုက်တာ
ကိုဏကြီးကို ချီးကျူးပါရစေ။


အဆိပ်ပြင်းလှတဲ့ မီက ကိုသော်ဆွေအတွက်
ပြင်းလွန်းလှပေမယ့် နေခြည့်အတွက်ကတော့
ဘဝအမျိုးမျိုး ဖြတ်ကျော်ဖူးတဲ့ strong ဖြစ်တဲ့
အမျိုးသမီးပါ။
english subtitle ကိုတကားလုံးထိုးထားတာရယ်
ဆေးလိပ်မသောက်ဖို့ sign လေးကို တကားလုံး
ထည့်ထားတာရယ်က ဒီကားရဲ့ တန်ဖိုးကို
မြင့်တက်စေပါတယ်။
မကောင်းတာ ရှာကျန်ပြီး ပြောပါဆိုရင်တော့
အဆိပ်ပြင်းလွန်းလှတဲ့မီကို သူ့ရဲ့ခန္ဓာကိုယ်ညှို့ဓါတ်နဲ့ နည်းနည်းလေးပိုပြီးအသားပေး ဆွဲဆောင်စေချင်ပါတယ်။ ဒီလိုပြောရတာကလည်း နေခြည်က ဝတ္ထုဖတ်တုန်းက ကိုယ့်အတွေးနဲ့ကိုယ် အရမ်းရူးသွပ်ထားလို့ပါ။ သူ့အကြောင်းကို သိနေပြီးသား ဖြစ်နေတဲ့ ကိုသော်ဆွေကို ရင်ဖိုသွားအောင် တနည်းတလမ်းနဲ့ ပိုလုပ်ပြရင် ကောင်းမှာဘဲဆိုတဲ့ စိတ်လေးတော့ တွေးမိပါတယ်။


နောက် လေယူလေသိမ်းပါ။ ၁၉၅၀ ကကားတွေ နေခြည်မကြညိ့ဖူးပါဘူး အဲ့တော့ လေယူလေသိမ်းကွဲလာတော့ သေချာမသိပေမယ့် ယခုခေတ်မှာတောင် လူငယ်လူကြီး လေယူလေသိမ်းတွေမတူကြတာ အဲ့ခေတ်မှာလည်း ကွဲပြားတဲ့အသုံအနှုန်းလေးတွေ ရှိမှာဘဲဆိုတဲ့စိတ်နဲ့ ပညာတစ်ခုအနေနဲ့ရအောင် နားထောင်ကြည့်ချင်ပါတယ်။
အဝတ်အစားရဲ့ ပံ့ပိုးမှု lighting အယူအဆတွေ camera ရိုက်ချက်တွေ setting တွေ မင်းသားမင်းသမီးတွေရဲ့ အားတွေ ပေါင်းစပ်လိုက်တဲ့အခါ ဒီကားဟာ ရုပ်ရှင်ချစ်ပြည်သူတွေအတွက် ကြည့်ရတာအတန်ဆုံးကားတကား ဖြစ်လာမယ်ဆိုတာ ယုံကြည်ပါတယ်။
Chillies တွေ ရင်ထဲက မီမှာ အပြင်ကမီနဲ့ တူလားဆိုတာ နေခြည်တော့ အရမ်းသိချင်နေပါပြီ။ နောက်တစ်ပါတ်သောကြာဆို ရုံတင်တော့မယ့်မီအတွက် အကြိုခံစားလို့ရအောင် တင်ပေးလိုက်ရပါတယ်။

ကဲ နေခြည်ကတောင် ခုလို အားပေးနေတာဆိုတော့ ရုံတင်ရင် အားပေးဖို့ အသင့်ဘဲနော်။

Sources Nay Chi Oo

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။