Unicorn ချစ်သူတွေအကြိုက်တွေ့စေမယ့် Rainbow Unicorn ဆပ်ပြာ

ဒီတစ်ခါမှာတော့ Unicorn ချစ်သူတွေအတွက် အကြိုက်တွေ့စေမယ့် Rainbow Unicorn ဆပ်ပြာလေးကို တင်ဆက်ပေးလိုက်ပါတယ်။

ကြည့်လိုက်တာနဲ့တင် အရမ်းကို ချစ်စရာကောင်းလွန်းလို့ တိုက်ရမှာတောင် နှမြောမိမှာ အသေအချာပါပဲ။ ဒီဆပ်ပြာဒီဇိုင်းလေးထဲမှာတော့ Rainbow ဒီဇိုင်းလေးကိုပါ ထည့်သွင်းပုံဖော်ပေးထားပါတယ်။

ဆပ်ပြာလေးရဲ့ ရနံ့ကိုတော့ ဘယ်ရီသီးရနံ့၊ မက်မွန်သီးရနံ့၊ ပန်းသီးရနံ့၊ ပျားလိမ္မော်ရနံ့တို့နဲ့ ပေါင်းစပ် ဖွဲ့စည်းထားတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် အသီးတွေ၊ ဆိတ်နို့တွေနဲ့ ပေါင်းစပ်ပြုလုပ်ထားတာဖြစ်လို့ အသားအရေကို ချောမွတ်လှပစေပါတယ်။

ချစ်စရာကောင်းတဲ့ ဒီဇိုင်းပုံလေးနဲ့ ဒီ Rainbow Unicorn ဆပ်ပြာလေးကို လူတိုင်းက နှစ်သက်ကြမယ်လို့ ထင်ပါတယ်။ ဆပ်ပြာလေးကိုတော့ “Believe In Magic” လို့ နာမည်ပေးထားတာပါ။ သူ့ရဲ့ စျေးနှုန်းလေးကတော့ ဒေါ်လာ (၆.၉၅) ရှိတယ်လို့ သိရပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။