ထီသိန်း(၅၀၀၀) ကံထူးရှင်ရဲ့ နောက်ဆက်တွဲသတင်း


အကြိမ်(၂၀)မြောက် ကျပ်သိန်း (၅၀၀၀)ဆု (၂)ဆုထဲမှ (ကဌ ၁၇၉၉၅၆)နံပတ်နဲ့ ကံထူးပြီး ထီပေါက်ခဲ့သော်လည်း ကာယကံရှင်ရဲ့ တူလေးဖြစ်သူမှ ကတ်ကြေးနဲ့ ညှပ်ပြီး ကလေးသဘာဝအရ ဆော့ကစားထားတာကြောင့် ကျပ်သိန်း(၅၀၀၀)နဲ့ လွဲချော်ခဲ့ရတဲ့ ကံထူးရှင် ကိုကိုလေးကို မိုးယံ ရွှေလမင်းနှင့် မြတ်ဆုကုဋေမှ ဆက်သွယ်ကြောင်း သိရပါတယ်။


ယနေ့ နိုဝင်ဘာ (၅)ရက်နေ့ နံနက်(၈)နာရီ (၄၅)မိနစ်မှာ မိုးယံ ရွှေလမင်းနှင့် မြတ်ဆုကုဋေမ ရုံးချုပ်မှ ကံထူးရှင် ဦးကိုကိုလေးကို ဖုန်းဖြင့်ဆက်သွယ်ပြီး ပျက်စီးသွားသော ထီအပိုင်းအစများကို ဆက်ရှာရန်နဲ့ ရုံးချုပ်မှ ထပ်မံဆက်သွယ်မည်ဖြစ်ကြောင်း သိရပါတယ်။



we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။