ကဲ .. စုတ်ပြဲသွားတဲ့ သိန်း(၅၀၀၀)ထီလက်မှတ် အဖြစ်အမှန်ပေါ်ပေါက်လာပါပြီ (Video)


ပဲခူးတိုင်း၊ ကဝမြို့နယ်၊ သပြုကျေးရွာ သိန်းငါးထောင်ကံထူးရှင်အစစ်အမှန်ရဲ့ ရင်တွင်းစကားသံပေါ်ထွက်လာပါပြီ။ သိန်း(၅၀၀၀) ထီလက်မှတ်ကိစ္စရပ် ကဌ-179956 ဆုပိုင်ရှင်ကိုယ်တိုင် မိုးယံမှာသို့လာရောက်ဆက်သွယ်ပြီးဖြစ်ပါတယ်။

အခုလတ်တလော ဖြစ်ပေါ်နေတဲ့ သိန်း(၅၀၀၀)ထောင် ထီလက်မှတ်စုတ်ပြဲသွားတယ်ဆိုတာ လုံးဝမမှန်ကန်ပါဘူး။ ဒါသက်သက် လိမ်လည်မှုတစ်ခုသာဖြစ်တယ်လို့ မိုးယံမှ ပြောပါတယ်။ နောက်ပြီးတော့ ထီလက်မှတ်ပြဲနေတယ်ဆိုတဲ့ ဦးကိုကိုလေးရဲ့ Video ဖိုင်နဲ့ မီဒီယာတချို့ရဲ့ ဖော်ပြထားတဲ့ ဦးကိုကိုလေးရဲ့ ဖုန်းနံပတ်အား ဆက်သွယ်မေးမြန်းရာတွင်လည်း ဖုန်းပိတ်ထားခြင်းသာ ကြုံနေရပါတယ်။

ဦးကိုကိုလေးရဲ့ စုတ်ပြဲသွားတဲ့ ထီဂဏန်းနံပါတ်ဟာ မည်သည့်နံပါတ်ဆိုသည်မှာမသိရပေမယ့် သိန်း(၅၀၀၀)ထောင် ဆု(၂)ဆုလုံးဟာ အခုချိန်မှာ ထုတ်ယူပြီးပြီဖြစ်ပါကြောင်း သတင်းရရှိပါတယ်။ အချို့မီဒီယာများမှ ဖော်ပြထားသောအချက်အလက်မှာ မိုးယံ(ရုံးချုပ်)မှ ဦးကိုကိုလေးအား ဆက်သွယ်လာတယ်ဆိုတဲ့ သတင်းများမှာလဲ မှားယွင်းနေပါတယ်။
(၁) ကဌ-၁၇၉၉၅၆ မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေ
(၂) ကဃ-၇၃၇၂၁၁ မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေ (၂)ဆုပါဝင်ပါတယ်။


Video ကြည့်ရန် ….

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။