ရည်းစားထားတာကို စိတ်ကုန်သွားတဲ့ သူတွေရဲ့ အချက်များ


သင်ဟာ ရည်းစားတခါမှမထားဖူးသလို ထားလဲမထားချင်သူ ။ ရည်းစားထပ်ပြီးထားရမှာကြောက်သူ ဖြစ်နေတယ်ဆိုရင် ဒီအချက်တွေထဲကို လေ့လာဖတ်ရှူကြည့်ရင်တော့ ကိုယ်ဟာ ဘာလို များရည်းစားမထားချင်တော့တာလဲဆိုတာ သိသွားရလိမ့်ပါတယ်

၁. သင်ဟာ အသည်းကွဲရမှာကိုကြောက်သူ


ဒီအချက်က ရည်းစားမထားခင် စဉ်းစားကြတဲ့ အချက်ပါ ။ အသည်းကွဲရမှာကြောက်တယ် အဲ့တာကိုခံစားဖူးတဲ့သူတိုင်းလဲ နောက်တခါရည်းစားထားဖို့ ဝန်လေးမယ်

၂. သင်ဟာ ကိုယ်ကိုကိုယ်ဘဲ နားလည်တတ်သူ


ဒါကတကိုယ်ကောင်းဆန်တယ်လိုတောမဟုတ်ဖူး ကိုယ်ဟာ ချစ်တတ်တယ် ဒါပေမဲ့ အချစ်ကို ရူးသွပ်နေလောက်အောင် ချစ်တာမျိုးမဟုတ်တော့ဖူး ပေါ့ပါးတဲ့ ချစ်ခြင်းကိုဘဲ သဘောကျတယ်
ကိုယ်ကိုကိုယ်ချစ်တတ်လာတယ်။။

၃. သင်ဟာ ချစ်သူရည်းစားပြသနာတွေကို မခံစားတတ်သူ


အချင်းချင်းတွဲပြီဆိုရင် အသေးမွှား ကိစ္စလေးတွေက အစ ဆတ်ဆတ်ထိမခံဖြစ်ကြတာမျိုး ကို မခံနိင်ဖူး အဲ့ချစ်သူနဲ့ ပြသနာဖြစ်ရမှာကိုလဲ မုန်းတယ် သေချာတယ် ချစ်သူရှိပြီဆိုရင် ရန်ကတော့ဖြစ်ကြမှာဘဲလေ ပြီးရင်ပြန်ချစ်လိုက်ကြတာတော့ မလုပ်ချင်ကြတော့ဖူး

၄. အချစ်ကို စိတ်ကုန်နေသူ


ရည်းစားထားပြီဆိုမှတော့ ပန်းခင်းလမ်းမှာ လက်တွဲပြီးလျှောက်မယ် ဆိုတာမျိုး က မရှိတော့ဖူး Romantic ဆိုတာ ကိုယ်အတွက် တော့ ပြပုဒ်ကြီးတခုလို သတ်မှတ်ထားမယ်

၅. စဉ်းစားဆင်ခြင်တတ်သူ



ရည်းစားထားရင် ချစ်ပြတာကလွဲလို ဘာများရှိမှာလဲ လို တွေးမိမယ်။ ရည်းစားထားဖိုကို အလုပ်တခုလုပ်သလိုမျိုးဆင်ခြင်တွေးတောနေမယ် ဒါက အချစ်မှာ Logic မရှိဖူးလေ

ဒီငါးချက်လုံး ဖြစ်နေတဲ့သူတွေက တသက်လုံးရည်းစားမရနိင်တော့တာလား ..။ စိတ်မပူပါနဲ အချစ်က တဖန် ကိုယ်ထံကို ကောင်းသောချစ်ခြင်းတွေနဲ့ ပြန်လည်ရောက်ရှိလာမှာပါ



we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။