နေမကောင်းလို့ မာဆတ်မှာ သွားပြီးအနှိပ်ခံခဲ့တဲ့အမျိုးသား အကြောမှားနှိပ်ခံရပြီးသေဆုံး

ထိုင်းနိုင်ငံက အမျိုးသားတစ်ဦးဟာ မာဆက်တစ်ခုကိုဝင်ပြီး အနှိပ်ခံစဉ်မှာ အကြောမှားနှိပ်မိပြီး ရုတ်တရက်သေဆုံးခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီအကြောင်းနဲ့ပတ်သက်လို့ တစ်ချို့က ဒါဟာတိုက်ဆိုင်မှုတစ်ခုသာဖြစ်ပြီး အဲဒီအမျိုးသားဟာ အနှိပ်မခံခင်ကတည်းက အကြောမှာ ဒဏ်ဖြစ်နေတဲ့သူလို့သိရပါတယ်။

သေဆုံးသူနာမည်က စနု့ခ် လို့သိရပြီး သေဆုံးသူရဲ့ညီဖြစ်သူ တွန် က သူ့အစ်ကိုဟာ မသေဆုံးခင်တစ်ပတ်လောက်က သူငယ်ချင်းတွေနဲ့ဘောလုံးကစားခဲ့ပြီး ခြေချင်းဝတ်အဆစ်လည်တဲ့ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီဒဏ်ရာကို ဆရာဝန်နဲ့ပြသခဲ့ပေမယ့်မသက်သာခဲ့ပါဘူး။

နောက်တစ်ပတ်အကြာမှာ သူတို့ညီအစ်ကိုနဲ့သူငယ်ချင်းတွေစုပြီး ရေပေါ်ပွဲဈေးသွားကြပါတယ်။ အဲ့ဒီအချိန် စနု့ခ် ရဲ့ဒဏ်ရာဟာ နာကျင်လာတာကြောင့် နီးစပ်ရာအနှိပ်ခန်းတစ်ခုမှာသွားပြီးအနှိပ်ခံဖို့တိုင်ပင်ခဲ့ပါတယ်။ အနှိပ်ခန်းရောက်ပြီး နှိပ်နေတုန်း ဆယ်မိနစ်လောက်အကြာမှာ စနု့ခ် တစ်ယောက်ဝေဒနာအပြင်းအထန်ခံစားလာရပြီး အရေးပေါ်သူနာပြုအဖွဲ့ခေါ်ခဲ့ပေမယ့် သူနာပြုတွေရောက်မလာခင်မှာပဲ သေဆုံးသွားခဲ့ပါတယ်။

ဆရာဝန်တွေကတော့ စနု့ခ် ဟာ သွေးကြောပိတ်ပြီးသေဆုံးခဲ့တာလို့ဆိုကြပါတယ်။ စနု့ခ် ရဲ့ဇနီးကတော့ ဆိုင်ကိုတရားစွဲမှာမဟုတ်ပဲ ဗုဒ္ဓဘာသာဝင်ပီပီအကျိုးကြောင့် အကြောင်းဖြစ်တာယုံကြည်တဲ့အတွက် တရားနဲ့ဖြေမယ် လို့ဆိုပါတယ်။ ဒါပေမယ့် မာဆတ် က အမျိုးသမီးကိုထောက်ပံ့ကြေး ဘတ် ၄ သောင်းပေးခဲ့ပြီး မြန်မာငွေနဲ့ဆိုရင်တော့ သိန်း ၂၀ လောက်ရှိတယ်လို့သိရပါတယ်။

Gabriel
Ref : Lovepattayathailand.com

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။