ဟာသသရုပ်ဆောင် အန်တီကစ်အတွက် လေးရက်အတွင်း သိန်း ( ၅၀ ) ကျော်အလှုငွေကောက်ခံပေးခဲ့တဲ့ မော်ဒယ်လ် ခင်သဇင်

ဝမ်းသာစရာသတင်းပါဗျာ … ကြည်လဲကြည်နူးရပါတယ် ..

ဆီးချိုရောဂါအပြင်းအထန်ခံစားနေရတဲ့ အန်တီကစ် အတွက်ကို မော်ဒယ်လ် ခင်သဇင် က လေးရက်အတွင်း အလှုငွေ သိန်း ( ၅၀ ) ကျော်ကောက်ခံပေးခဲ့ပါတယ်။
အလှုငွေတွေကို ၂.၁၁.၂၀၁၈ ကနေ ၅.၁၁.၂၀၁၈ အထိကောက်ခံခဲ့တာဖြစ်ပြီး သရုပ်ဆောင်ကိုမြင့်မြတ်က အလှုငွေ ( ၅ ) သိန်း၊ သရုပ်ဆောင်၊ တေးသံရှင် ကိုယုန်လေးက အလှုငွေ ( ၅ ) သိန်း၊ ဒေါ်ယုနွယ်လှိုင် က အလှုငွေ ( ၄ ) သိန်း၊ ကိုမျိုးဝေလင်းက အလှုငွေ ( ၂ ) သိန်း၊ မမဉ္ဇူဝင်းဟန် က အလှုငွေ ( ၅ ) သောင်း၊ ဒုံဒုံ က အလှုငွေ ( ၅ ) သောင်း၊ ကျန်တဲ့အမည်မသိသူသုံးယောက်လှုဒါန်းတဲ့ငွေက ( ၅ ) သောင်းကျပ် နဲ့ မော်ဒယ်လ်ခင်သဇင်ကိုယ်တိုင်က အလှုငွေ သုံးဆယ့်ငါးသိန်း ကိုထည့်ဝင်ခဲ့တာဖြစ်ပါတယ်။

စုစုပေါင်းရရှိခဲ့တဲ့အလှုငွေက ငါးဆယ့်နှစ်သိန်းငါးသောင်း ဖြစ်ပြီး ထပ်မံလှုဒါန်းချင်တဲ့သူတွေအနေနဲ့လည်း KBZMBANKING account နံပါတ် 23930123900107301 ကိုဆက်သွယ်ပြီးလှုဒါန်းနိုင်ပါတယ်။ တကယ်လို့လှုဒါန်းမယ့်သူတွေက Mobile Banking ကနေ ပိုက်ဆံလွှဲတဲ့အခါ လှုဒါန်းသူရဲ့နာမည်လေးပါထည့်ပေးကြဖို့၊ အလှုရှင်နာမည်လေးတွေတင်ဖို့အတွက်ပါ လို့ ခင်သဇင်က ဆိုထားပါတယ်။

တကယ်ပဲ ဝမ်းသာမိပါတယ်ခင်ဗျာ။ လှုဒါန်းချင်တဲ့သူတွေလည်း လူကိုယ်တိုင်ဖြစ်ဖြစ်၊ မိုဘိုင်းလ်ဘန်းကင်းကပဲ ဖြစ်ဖြစ် ကိုယ်နိုင်တဲ့ပမာဏလေးနဲ့လှုဒါန်းပြီး ကူညီနိုင်ဖို့ WE Media ကနေ သတင်းကောင်းပါးလိုက်ရပါတယ်ခင်ဗျ။

Gabriel
Crd : Khin Thazin fb

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။