ပူပူနွေးနွေး Miss Earthအလှမယ်ကလက်ရှိဖြစ်ပျက်နေတဲ့ခေတ်အခြေအနေကိုမြင်သာအောင်ဖြေသွားခဲ့တာပါ

     Miss Earthဟာ Big Four ပြိုင်ပွဲတွေထဲကတစ်ခုဖြစ်ပါတယ်။Miss Earthပြိုင်ပွဲဟာ မြေကမ္ဘာထိန်းသိမ်း စောင့်ရှောက်ဖို့အတွက် ရည်ရွယ်ကာကျင်းပါတယ်။Miss Earthသရဖူကိုရရှိခဲ့တဲ့သူကတော့ ဗီယက်နမ်နိုင်ငံသူ Phuong Khanh Nguyen ဖြစ်ပါတယ်။သူမက winnerဖြစ်ခဲ့တာဖြစ်ပြီး Miss Earth Air သရဖူကို သြစတြီးယားအလှမယ် Miss Earth Fireသရဖူကို မက္ကဆီကိုအလှမယ်  Miss Earth Water ကိုလံဘီယာအလှမယ်က အသီးသီးဆွတ်ခူးရရှိခဲ့ပါတယ်။ သရဖူကိုရရှိခဲ့တဲ့ ဗီယက်နမ်အလှမယ်ကတော့ winnerဆုနဲ့ထိုက်တန်လောက်အောင် အဖြေကကောင်းမွန်ခဲ့ပါတယ်။

သူမကတော့  “ကျွန်မတို့မျိုုးဆက်သစ်တွေအတွက်ဖိအားအများဆုံးကိစ္စကတော့ မသိနားမလည်တာပါ။ ကျွန်မတို့မျိုးဆက်တွေခေတ်မှာ နည်းပညာတိုးတက်မှုတွေရှိတယ်။ လူမှုကွန်ယက်ပေါ်မှာ လူတော်တေ်ာများများဟာကိုယ့်ကိုကိုယ်ဂရုစိုက်ရင်းအချိန်တွေကုန်နေတယ်။ ကမ္ဘာကြီး ဘာတွေဖြစ်ပျက်နေတယ်ဆိုတာကို သတိထားပြီးမျှဝေခံစားဖို့အတွက်အချိန်တွေကို ကုန်ဆုံးသင့်ပါတယ်။လူတိုင်းရဲ့နည်းနည်းချင်းစီကြိုးစားအားထုတ်မှုကနေကမ္ဘာကြီးကိုပြောင်းလဲနိုင်မှာပါ” လို့ဖြေကြားခဲ့ပါတယ်။တိုတိုရှင်းရှင်းနဲ့ တကယ့်လိုအပ်ချက်တွေကိုထောက်ပြခဲ့တဲ့အဖြေပါပဲ။

 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။