ရိုက်ကွင်းဖျက်ခဲ့ရတယ်ဆိုတဲ့သတင်းအပေါ် ရွှေမှုံရတီပြန်ဖြေရှင်းပြီ

လတ်တလော လူပြောများနေတဲ့ နာမည်ကြီးဒါရိုက်တာ ညွန့်မြန်မာညီညီအောင် က ရွှေမှုံရတီကြောင့်ရိုက်ကွင်းဖျက်ခဲ့ရပြီး ဘယ်တော့မှ ရွှေမှုံ့ကိုမသုံးတော့ဘူးဆိုတဲ့သတင်းအပေါ် ရွှေမှုံကပြန်လည်ဖြေရှင်းခဲ့ပါတယ်။

သရုပ်ဆောင်နဲ့အဆိုတော်ဖြစ်သူ ကိုယုန်လေး က အင်တာဗျုးတစ်ခုရဲ့အောက်မှာ သူမရဲ့အကြောင်းကို ကွန်မန့်တစ်ခုပေးထားတာကြောင့် ရွှေမှုံက ချက်ချင်းပဲပြန်လည်ဖြေရှင်းခဲ့တာပါ။

ကားရိုက်ကိစ္စက သူဖျက်တာမဟုတ်ကြောင်း၊ အဆင်ပြေအောင်ညှိပေမယ့် တစ်ဖက်ကလက်မခံတော့တာကြောင့်မရိုက်ဖြစ်တာဖြစ်တဲ့အကြောင်း ဖြေရှင်းခဲ့တာဖြစ်ပါတယ်။ ဆက်ပြီးလည်း ကုန်ကျစရိတ်တွေအကုန်လုံးလျော်ဖို့ပြောတဲ့အတွက် သိန်း ၁၀၀ ကျော်ဘာမှ စောဒကမတက်ပဲ လျော်ပေးခဲ့တယ်လို့လည်းသိရပါတယ်။

ပရိသတ်တွေအထင်လွဲနေတာကို ရွှေမှုံကအခုလိုပဲပြန်လည်ဖြေရှင်းခဲ့တာဖြစ်ပါတယ်။

Gabriel

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။