ရွှေတိဂုံဘုရားပေါ်က ထီးလှုဒါန်းမှုမှာဖြစ်ခဲ့တဲ့ ကမ္ဘာ့ရှက်စရာအကောင်းဆုံးဖြစ်စဉ်

ကမ္ဘာ့အလယ်မှာ မြန်မာ ဆိုပြီးနာမည်ကောင်းရဖို့ဆိုတာ တစ်ဦးတစ်ယောက်တည်းကပဲလုပ်ပြနေလို့ရတဲ့အရာတစ်ခုမှမဟုတ်တာ ..။ မြန်မာနိုင်ငံမှာ လူတစ်ချို့က ခေတ်မီပြီး စည်းကမ်းရှိတဲ့၊ ယဉ်ကျေးတဲ့၊ ethic ရှိတဲ့ လူတန်းစားတစ်ရပ်ဖော်ဆောင်ဖို့လုပ်နေကြပေမယ့် တစ်ချို့သောလူတွေရဲ့ အပြုအမူကတော့ အဲဒီအရာတွေနဲ့ပြောင်းပြန်အချိုးကျနေတယ်။

မြန်မာလူမျိုးတစ်ချို့ကိုအတော်လေးရုပ်ဆိုးစေတဲ့ဖြစ်ရပ်တစ်ခု မကြာသေးခင်က ဖြစ်ခဲ့တယ်။ အဲ့ဒါကတော့ မြန်မာနိုင်ငံရဲ့အထင်ကရနေရာတစ်ခုဖြစ်တဲ့ရွှေတိဂုံစေတီမှာ အခမဲ့လှုဒါန်းထားတဲ့ ထီးအလက် ( ၄၀၀ ) ပျောက်ဆုံးမှုပါပဲ။ အလှုရှင်တစ်ယောက်က ရွှေတိဂုံစေတီပေါ်မှာ ထီးအလက် ( ၄၀၀ ) လှုတယ်။ ထီးများကိုယူဆောင်ပြီး ခြင်းထဲပြန်ထည့်ခြင်းဖြင့် ကုသိုလ်ယူပါ ဆိုပြီးရေးခဲ့တယ်။

အဲ့ဒီတော့အလှုရှင် သဒ္ဒါပေါက်အောင် ဘုရားဖူးလာတဲ့သူတစ်ချို့က ဆောင်းကြတယ်။ ကောင်းပါတယ်။ ခက်တာက ထီးတွေလှုပြီး ၃၆ နာရီအကြာမှာတော့ လှုထားတဲ့ ထီးအလက်ပေါင်း ၄၀၀ စလုံးတစ်ချောင်းမှ ပြန်ရောက်မလာပါဘူးတဲ့။
ဒါက ဘာကိုပြနေသလဲဆိုတော့ မြန်မာလူမျိုးတွေရဲ့ ပျက်စီးနေတဲ့စိတ်ဓာတ်တွေကိုပြန်လည်ပြင်ဆင်ဖို့လိုနေတယ်ဆိုတာပါပဲ။ နိုင်ငံခြားသားတစ်ယောက်ယောက်ကသာ ဒီအဖြစ်ကိုမြင်ပြီး IG တို့ Twitter တို့မှာတင်တယ်ဆိုပါစို့။ မြန်မာတွေဟာ ဒီလိုပါလား .. သူတို့နိုင်ငံထဲမှာတောင်ဒီလိုဆိုရင် တခြားနိုင်ငံတွေရောက်တော့ရော ဘယ်လိုတွေနေမလဲ ဆိုပြီးတွေးစရာတွေဖြစ်လာမယ်။

ပြုပြင်ပြောင်းလဲဖို့လိုတဲ့အထဲမှာ ပျက်စီးနေတဲ့စိတ်ဓာတ်တွေကိုအရင်ဆုံးပြုပြင်ရမယ်ဆိုပိုမှန်ပါမယ်။ ပျက်စီးမှုတွေအားလုံးထဲမှာ စိတ်ဓာတ်ပျက်စီးတာက အဆိုးဆုံးမို့လို့ပါ။

Gabriel


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။