တစ်နေ့ကိုဆေးခြောက်နှစ်လိပ်သောက်ပြီး ၂၆၈ ပေါင်ကနေတစ်ပတ်အတွင်း ၁၆၁ ပေါင်အထိချနိုင်ခဲ့သူ

ကနေဒါနိုင်ငံသူ၊ အသက် ၂၈ နှစ်အရွယ်အမျိုးသမီး အာရန် အီကရာ ဟာ အဝလွန်နေသူတစ်ယောက်ပါ။ သူမဟာ ၂၆၈ ပေါင်လောက်ရှိတဲ့ခန္ဓာကိုယ်ကို တစ်ပတ်အတွင်း ၁၀၇ ပေါင်လောက်ကျအောင် ဝိတ်ချနိုင်ခဲ့တယ်လို့သိရပါတယ်။

သူမရဲ့ ဝတုတ်နေတဲ့ပုံစံကြောင့် သူငယ်ချင်းတွေက အမြဲစကြတယ်။ အဲ့ဒါတွေကိုသူမအနေနဲ့မခံချင်ပါဘူး။ ဝိတ်ကျချင်ပေမယ့် Gym သွားတစ်လှည့်မသွားတစ်လှည့်ဖြစ်နေတာကြောင့် သိသာတဲ့ရလာဒ်မရှိပါဘူး။ တစ်ရက်မှာတော့ သူမအနေနဲ့ အကြံတစ်ခုရခဲ့တယ်။ အဲ့ဒါကတော့ ဆေးခြောက် ကိုအသုံးပြုဖို့ပါ။ သူမနေထိုင်တဲ့ တိုရွန်တို မှာ ပြည်နယ်အစိုးရက ဆေးခြောက်တွေတရားဝင်ဝယ်ခွင့်ပြုလိုက်ပြီဖြစ်တဲ့အတွက် အာရန် ဟာ SQDC ( ဆေးခြောက်စတိုး ) ကနေ ဆေးခြောက်တွေဝယ်လာပြီး သူမရဲ့အစီအစဉ်ကိုအကောင်အထည်ဖော်ပါတော့တယ်။ သူမရဲ့အစီအစဉ်ကတော့ တစ်ရက်ကို ဆေးခြောက်နှစ်လိပ်ဆွဲတာပါ။ Gym မသွားခင် တစ်လိပ်သောက်ပြီး ညစာစားပြီးချိန်မှာ နောက်တစ်လိပ်ထပ်ဆွဲပါတယ်။

နောက်ပြီး နေထိုင်မှုပုံစံကိုပြောင်းယူလိုက်ပါတယ်။ သရေစာတွေ၊ အာလူးချောင်းကြော်၊ ကော်ဖီ၊ ကိုလာ၊ ကေအဖ်စီ လိုမျိုး Fast Food တွေအစား အသီးအရွက် နဲ့ အရွက်သုပ်တွေကိုပြောင်းပြီးစားသောက်ပါတယ်။
သူမရဲ့အစီအစဉ်အောင်မြင်တယ်လို့ဆိုရပါတယ်။ အာရန် အနေနဲ့ တစ်ပတ်အတွင်းပေါင်ချိန် ၁၀၈ ပေါင်အထိချနိုင်ခဲ့ပြီး ၂၆၈ ပေါင်ကနေ အခုဆို ၁၆၁ ပေါင်ပဲရှိပါတော့တယ်။ သူမက Dailymail ကိုပြောပြခဲ့ရာမှာ ဝိတ်ချဖို့အတွက် ဆေးခြောက်က ထိထိရောက်ရောက်ကူညီပေးနိုင်ခဲ့တယ်လို့ဆိုပါတယ်။

ဆေးခြောက် နဲ့ ဝိတ်ကျတာနဲ့က တိုက်ရိုက်ကြီးတော့မသက်ဆိုင်ပါဘူး။ ဒါပေမယ့် ဆေးခြောက်သောက်ပြီး ကောင်းနေတဲ့အချိန်မှာ Gym ကိုထိထိရောက်ရောက်ကစားနိုင်ပြီး Treadmills လိုအပြေးစက်တွေ၊ အလေးတုံးမတာတွေ၊ လမ်းလျှောက်တာတွေနဲ့ ဘယ်လီရိုက်တာလိုမျိုးလေ့ကျင့်ခန်းတွေကိုအကြာကြီးဆော့ဖြစ်တယ်လို့ဆိုပါတယ်။ နောက်ပြီး သူမသောက်သုံးတဲ့ ဆေးခြောက်အမျိုးအစားက HUMP ပါတဲ့။

ဘယ်လိုပဲဖြစ်ဖြစ် အာရန် ကတော့ ပေါင် ၁၀၀ ကျော်ကျသွားလို့ဝမ်းသာနေသလို၊ Gym များများဆော့နိုင်ဖို့ Hump ကိုလည်း များများလေးသောက်သုံးမယ်လို့ဆိုပါတယ်။

Gabriel
Ref : Dailymail.co.uk





we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။