စမတ်ဖုန်းလောကကို တစ်ခေတ်ဆန်းစေမယ့် Huawei Mate 20 series ရဲ့ ကင်မရာလေးလုံးပါ Matrix Camera System

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ တုန်းက Huawei ရဲ့ နည်းပညာမြင့်စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Mate 20 Series ကို ရန်ကုန်မြို့က Lotte Hotel မှာတရားဝင်မိတ်ဆက်တဲ့အခမ်းအနားကျင်းပခဲ့ပါတယ်။ Mate 20 Series ဟာ မထွက်ခင်ကတည်းက အမာခံသုံးစွဲသူတွေရဲ့ကြားထဲမှာ ရေပန်းစားနေခဲ့ပြီး တကယ်တမ်းထွက်ရှိလာတဲ့အခါမှာလည်း သုံးစွဲသူတွေအပြင် ကမ္ဘာတစ်ဝှမ်းက other device user တွေကတောင် အံ့အားသင့်ရတဲ့အထိ feature, concept နဲ့ spec တွေကပါ amazing ဖြစ်ခဲ့ပါတယ်။

အခြေခံအနေနဲ့ Mate 20 ရော၊ Mate 20 Pro မှာပါ ၆.၅ လက်မအကျယ်ရှိတဲ့ Dew Drop ပုံစံမျက်နှာပြင် နဲ့ ၆.၃၉ လက်မအကျယ် OLED ( Light Emitting Diode ) full view မျက်နှာပြင်တွေအသီးသီးပါရှိပြီး ကျယ်ပြန့်တဲ့ရှုထောင့်ကိုရိုက်ကူးနိုင်ဖို့ Leica မှန်ဘီလူးကင်မရာ သုံးခု၊ အချိန်အကြာကြီးသုံးနိုင်တဲ့ long lasting battery system အပြင် fast charging နဲ့ super charging စနစ်တွေပါဝင်လာပါတယ်။

Huawei Mate 20 Series တွေကို တစ်ကမ္ဘာလုံးက ချီးမွမ်းရတဲ့အကြောင်းရင်းအများကြီးထဲကမှ တစ်ချက်ကတော့ ကင်မရာလေးလုံးပါစနစ်တစ်ခုဖြစ်တဲ့ Matrix Camera System ကြောင့်ပါပဲ။ အဲဒီစနစ်ဟာ စမတ်ဖုန်းလောကကိုတစ်ခေတ်ဆန်းစေတဲ့ Option တစ်ခုလို့လည်းပြောနိုင်ပါတယ်။ Flagship ထုတ်ကုန်နှစ်ခုဖြစ်တဲ့ Mate 20 နဲ့ Mate 20 Pro မှာပါ အထင်ကရ concept တစ်ခုဖြစ်တဲ့ Four Point Design ကိုထည့်သွင်းထားတယ်။ အဲဒီအချက်ဟာ Huawei Mate 20 Series Flagship တွေကို တစ်ခြားဖုန်းတွေရဲ့ concept ကနေ ကွဲထွက်သွားစေတဲ့ပထမဆုံးအချက်ပါ။ အဝေးကနေလှမ်းကြည့်လိုက်တာနဲ့ Huawei Mate 20 Series ဆိုတာကို တန်းပြီးသိစေနိုင်မယ့်အချက်တစ်ချက်လည်းဖြစ်တယ်။

ပရော်ဖက်ရှင်နယ်တွေရော၊ အပျော်တမ်းဝါသနာရှင်တွေပါအရည်အသွေးမြင့်ဓာတ်ပုံတွေရိုက်ကူးနိုင်စေဖို့ Leica Ultra Wide Angle Lens တွေကိုထည့်သွင်းပေးထားတယ်။ Huawei Mate 20 Pro ရဲ့ camera specs တွေကတော့ 40MP Wide Angle, 20MP Ultra Wide Angle နဲ့ Telephoto ကို သုံးဆအထိချဲ့ပြီးရိုက်ကူးနိုင်မယ့် 8 MP အနောက်ဘက်ကင်မရာတစ်လုံးပါဝင်တယ်။ Huawei Mate 20 မှာတော့ 16MP Ultra Wide Angle, 12MP Wide Angle နဲ့ 2×Telephoto ရိုက်ကူးနိုင်မယ့် 8MP အနောက်ဘက်ကင်မရာတွေထည့်သွင်းပေးထားပါတယ်။ နောက်ပြီး Mate 20 Pro ရော၊ Mate  20 မှာပါ 24MP ရှိတဲ့ front camera တစ်လုံးစီပါဝင်နေတာပါပဲ။

ဘာတွေအားသာသွားသလဲဆိုရင် အဝေးနေရာက လူ၊ အရာဝတ္ထုတွေကိုပါ အသေးစိတ် detail မြင်နိုင်၊ ရိုက်ကူးနိုင်တဲ့ micro distance စွမ်းဆောင်ရည် နဲ့ အလင်းရောင်အားနည်းတဲ့အခြေအနေမျိုးမှာပါ အသေးစိတ်ရိုက်ကူးနိုင်၊ အရောင်ထွက်တိကျမှုကိုပိုပြီး specific ဖြစ်အောင်ပံ့ပိုးပေးနိုင်တယ်။ အဲ့ဒီအချက်တွေက Professional တွေရော၊ အပျော်တမ်းဓာတ်ပုံဝါသနာရှင်တွေကပါ Huawei Mate 20 Series ကိုအကြိုက်တွေ့ကြတဲ့ ဒုတိယအချက်ပါ။
Huawei Mate 20 Series Flagship ဖုန်းနှစ်မျိုးစလုံးမှာ သုံးထားတဲ့ processor ကတော့ 7nm Kirin 980 ကိုထည့်သွင်းထားပါတယ်။ ပြောရရင် အဲ့ဒီစနစ်ဟာ ကမ္ဘာပေါ်ကရှိသမျှစမတ်ဖုန်းတွေအားလုံးထဲမှာ ဒုတိယနေရာလိုက်တဲ့ အမြန်ဆန်ဆုံး processor ပါပဲ။ ဆိုတော့ကာ AI စနစ်ကိုပိုပြီးမြန်ဆန်အောင် ပံ့ပိုးပေးနိုင်သလို၊ ဓာတ်ပုံရိုက်ကူးတာကနေ real time video editing အထိ သူမတူအောင်မြန်ဆန်ပြီးချောမွေ့တဲ့ experience တစ်ခုကိုပေးစွမ်းနိုင်ပါလိမ့်မယ်။

နောက်တစ်ချက်အနေနဲ့ Huawei Mate 20 Pro မှာ မျက်နှာတွေ၊ အရာဝတ္ထုတွေကိုမှတ်သားနိုင်စွမ်း ၁၂၀ ရာခိုင်နှုန်းအထိပါဝင်လာမှာဖြစ်သလို၊ ရွေ့လျားနေတဲ့အရာတွေ၊ မြင်ကွင်းတွေအတွက်ပြတ်သားပြီးတိကျတဲ့ AI 4D autofocus ပါဝင်မှာဖြစ်ပြီး ဓာတ်ပုံအရောင်တွေကိုလည်းခွဲခြားသိရှိနိုင်မှာဖြစ်ပါတယ်။ အဲ့ဒီအထဲကမှ AI Autofocus 4D ကတော့ အပျော်တမ်းဗီဒီယိုရိုက်ကူးချင်တဲ့သူတွေနဲ့ video တွေကို editing လုပ်ချင်တဲ့သူတွေအကြိုက်ကြီးကြိုက်စေမယ့်အချက်ဖြစ်ပါတယ်။

Huawei Mate 20 Pro မှာ Emerald Green နဲ့ Black အရောင်နှစ်ရောင်ရရှိနိုင်မှာဖြစ်ပြီး Mate 20 Pro မှာတော့ Midnight Blue နဲ့ Twilight ဆိုပြီးအရောင်နှစ်ရောင်ရှိမှာပါ။ Mate 20 ကို မြန်မာငွေ 1,099,000 ( ဆယ်သိန်း ကိုးသောင်းကိုးထောင် ) နဲ့ရောင်းချပေးမှာဖြစ်ပြီး Mate 20 Pro ကိုတော့ မြန်မာငွေ 1,499,000 ( ဆယ့်လေးသိန်းကိုးသောင်းကိုးထောင် ) ဆိုပြီး အသီးသီးရောင်းချပေးသွားမှာဖြစ်ပါတယ်။

နိုဝင်ဘာလ ၁ ရက်နေ့ကနေ နိုဝင်ဘာ ၉ ရက်အထိကို Pre-Order Period အဖြစ်သတ်မှတ်ထားပြီး ပထမဆုံးအရောင်းပွဲကိုတော့ နိုဝင်ဘာ ၁၀ ရက်နေ့မှာ Junction City မှာပြုလုပ်သွားမှာဖြစ်ပါတယ်။
သတ်မှတ်ထားတဲ့ Pre-Order Period အတွင်းမှာယူ၊ ဝယ်ယူတဲ့သူတွေအတွက်လည်း Pre-Order Period လက်ဆောင်တွေပေးသွားဦးမှာပါ။ လက်ဆောင်တွေကတော့ Huawei Mate 20 ဝယ်ယူတဲ့သူတွေအတွက်၊ Huawei Talkband B5 ( Device ) + Huawei NM Card 128GB + Telenor Wifi Broadband တွေပါဝင်မှာဖြစ်ပြီး Huawei Mate 20 Pro ဝယ်ယူတဲ့သူတွေအတွက်ကတော့ Huawei Talkband B5 ( Device ) + Huawei NM Card 128 + Huawei Wireless Charger + Telenor Wifi Broadband စတဲ့ Bundle တွေကို လက်ဆောင်ပေးသွားမှာဖြစ်ပါတယ်။

Huawei Mate 20 Series တွေဝယ်ယူတဲ့ Telenor SIM Card User တွေအနေနဲ့ စိတ်ကျေနပ်စရာ Bundle နောက်တစ်ခုရှိပါသေးတယ်။ အဲ့ဒါကတော့ Topup ၃၀၀၀ ကျပ်ဖြည့်သွင်းတိုင်း 0.5Gb အပိုဆောင်း ( Free Data ) အနေနဲ့ရရှိမှာဖြစ်ပြီး အကြိမ်ရေ ၅၀ အထိရယူနိုင်မှာပါ။ ၅၀၀၀ ကျပ်ဖြည့်သွင်းရင် 1Gb အပိုရမှာဖြစ်ပြီး အကြိမ်ရေ ၅၀ အထိရယူနိုင်ပါတယ်။ ၁၀၀၀၀ ကျပ်ဖြည့်သွင်းရင်တော့ 2Gb အပိုရမှာဖြစ်ပြီး အကြိမ်ရေ ၅၀ အထိ အပိုဆောင်းဒေတာတွေကိုရယူနိုင်မှာဖြစ်ပါတယ်။ အဲ့ဒီ Bundle ကိုတော့ Huawei Mate 20 Series ဝယ်ယူထားပြီး Telenor SIM Card ( အသစ် ) ထည့်သွင်းထားတဲ့ User တိုင်းရရှိနိုင်မှာပါ။ Telenor SIM Card ရှိပြီးသား User တွေအနေနဲ့ကတော့ ၁၀၀၀၀ ကျပ်ဖြည့်သွင်းတိုင်း 2Gb အပိုဆောင်းရရှိမှာဖြစ်ပြီး တစ်လကို ၂ ကြိမ်နဲ့ ၁၂လ ( တစ်နှစ် ) တိတိအထိ ဒီအစီအစဉ်ကိုရယူနိုင်မှာဖြစ်ပါတယ်။

အဲဒီ ပရိုမိုးရှင်းက နိုဝင်ဘာ ၁၀ ရက်နေ့ ၂၀၁၈ ကနေစတင်မှာဖြစ်ပြီး Telenor User အသစ်ရော၊ အဟောင်းတွေပါ သတ်မှတ်ထားတဲ့ ပရိုမိုးရှင်း Bundle တွေရယူနိုင်မှာဖြစ်ပါတယ်။
Huawei Talkband B5 + Huawei NM Card နဲ့ Wireless Charger တွေကတော့ Lifetime gift တွေဖြစ်ပြီး Huawei Mate 20 Series တွေ ဝယ်ယူရုံနဲ့တန်ဖိုးကြီးလက်ဆောင် Bundle တွေကိုရရှိစေမယ့်အခွင့်အရေးအပြင် Free Data Promotion တွေပါရရှိမှာဖြစ်လို့ လက်လွှတ်မခံကြဖို့ သတင်းကောင်းလေးပါးလိုက်ရပါတယ်။











we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။