စပွန်ဆာကိစ္စနဲ့ပတ်သက်ပြီး ဂျွန်လွင် ကိုဆရာမပီသဘူးလို့ ဒဲ့ဝုန်းလိုက်တဲ့ ရွှေမှုံရဲ့ မေမေ

ရွှေမှုံရတီ ရဲ့ မင်္ဂလာပွဲနဲ့ပတ်သက်ပြီး စပွန်ဆာကိစ္စကြောင့် မင်းသမီး နဲ့ Bella က မဝေသစ်လွင် တို့ရဲ့ အကြောင်းလေးကို ရွှေမှုံကဖြေကြားရာမှာ စပွန်ဆာတွေကအတင်းပေးပေမယ့် မယူဘူးလို့ဖြေခဲ့ပါတယ်။ အဲ့ဒီကိစ္စအပြီးမှာတော့ မဝေသစ်လွင်က Screen Shot တွေနဲ့ ရွှေမှုံကစပြီး စပွန်ဆာတောင်းတာတွေကိုပြန်လည်ဖြေရှင်းခဲ့ပါတယ်။

Screen Shot တွေဟာ ရွှေမှုံရဲ့ ဆရာဖြစ်သူ ဂျွန်လွင် ကနေတဆင့်ပြန်ပြီး ဖြေရှင်းတာဖြစ်သလို၊ ဂျွန်လွင်က ရွှေမှုံရဲ့ ငယ်ကျိုးငယ်နာတွေဖော်တယ်ဆိုပြီး social media မှာ viral ဖြစ်ခဲ့ပါတယ်။ အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီး ရွှေမှုံရဲ့ မိခင်ဖြစ်သူက ဂျွန်လွင် ဟာ ဆရာမပီသဘူး ဆိုပြီး ဒဲ့ဝုန်းခဲ့ပါတယ်။

နားလည်တဲ့သူတွေပြောနေတာတော့ သဲသဲမှားတယ်။ ဒီကိစ္စမှာ သဲသဲမှားပါတယ်။ ကမ်းလှမ်းတုန်းကသူပဲ ကမ်းလှမ်းတယ်။ မှန်တယ်။ နောက်ပိုင်း ပြသနာတစ်ခုကြောင့် ကလေးက ကမ်းလှမ်းချက်ကိုဖျက်လိုက်တယ်။ ဒါတွေကရှင်းပြနေစရာမလိုဘူး။ သူတို့ဟာသူတို့ပဲသိကြလိမ့်မယ်။ Bella ဘက်ကတော့ဘာမှမသိဘူး။ ဘေးမှာပြောနေတဲ့လူတွေကြောင့် ဒီကိစ္စပျက်သွားတာလို့ ကျွန်မထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ဦးနှောက်သေးသေးလေးနဲ့သူ့အလုပ်သူလုပ်နေတာ။ အလုပ်လုပ်နေတာဖြစ်တဲ့အတွက် အရာရာအားလုံးသည် ကျွန်မဦးနှောက်အောက်မှာပဲ သူလုပ်ခဲ့တာပေါ့။ ကျွန်မကတော့ ရိုးရိုးရှင်းရှင်းပဲပြောတတ်တယ်။ ကျွန်မရဲ့ဦးနှောက်အောက်မှာလုပ်ခဲ့တာဆိုတော့ အခုမအေပါမသွားဘူး။ ပါမသွားတဲ့အချိန်မှာ သူမှားတယ်မှန်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ဘေးကနေထောက်ပြပေးမယ့်သူမရှိဘူးဖြစ်နေတယ်။ မှားတယ်မှန်တယ်ဆိုတဲ့ဆုံးဖြတ်ချက်ကို ဘေးကထောက်ပြမယ့်သူမရှိဘူးဖြစ်တဲ့အတွက် ဒီကလေးဟာအမှားတစ်ခုကို ကျူးလွန်လိုက်တယ် ဆိုပြီးပြောခဲ့ပါတယ်။

ဆက်ပြီး ရွှေမှုံရတီရဲ့ မိခင်ကပဲ “ ဒီနေ့မင်းသမီးတွေ၊ မင်းသားတွေကို ချစ်လို့စပွန်ဆာအကုန်ခံပြီးပေးနေကြတာလေ။ မကောင်းတဲ့အကြောင်းထွက်မလာပဲနဲ့ သူ့ကျမှ ဆိုးတာတွေချည်းလူတွေက လှိမ့်ပြောနေလဲကျွန်မစဉ်းစားလို့မရဘူး။ နံပါတ် ၁ ဆရာဂျွန်လွင် .. သမီးရဲ့ဆရာတွေထဲသူပါတယ်။ ကျန်တဲ့ဆရာတွေလည်းရှိပါတယ်။ အနုပညာပျိုးခင်းက ဆရာတွေ ဒီနေ့ထိအင်တာဗျူး ဖြေတိုင်းဆရာတပည့်အားလုံးသည် ဘယ်တပည့်ဆိုးတယ်၊ ဘယ်တပည့်ကောင်းတယ် တော်တယ်ဆိုတာကို သူတို့အကုန်သိတယ်။ ကောင်းတဲ့တပည့်ကိုကောင်းသလိုဖြေတယ်။ ဆိုးတဲ့တပည့်ကိုလည်းဆိုးတယ်လို့ဖြေမသွားဘူး။ အလိုက်သင့်လေးဖြေတယ်။ ကျွန်မဖြစ်ချင်တာ ဆရာဆိုတာအဲ့ဒါပဲ။ ဆရာဂျွန်လွင်ကသမီးကိုဘာလို့မကျေနပ်တာလဲ။ ဒါမှမဟုတ် ကျွန်မကိုလား။ ပြောလိုက်တဲ့စကားတိုင်း၊ အင်တာဗျုးတိုင်းမှာ ရွှေမှုန်ရတီကိုပါးစပ်ဖျားကမချပဲ အပေါ်ကိုဆွဲတင်တာလား၊ အောက်ကိုပစ်ချနေတာလား ဆိုတာ ဦးနှောက်ရှိတဲ့သူတွေအကုန်သိတယ်။ ဆရာပြောတဲ့စကားတွေမှားနေတယ်။ တပည့်တစ်ယောက်ကောင်းစားဖို့ ဆရာတိုင်းမှာအနစ်နာခံတဲ့စိတ်ရှိတယ်။

ဆရာကလည်း ဆရာ့တပည့်ကိုကောင်းစားစေချင်ရင် ကောင်းတာတွေချည်းပြောသင့်တယ်။ မင်းသမီးတိုင်း ဆံပင်တုတပ်တာမဆန်းဘူး။ ဆီလီကွန်ထိုးတာမဆန်းဘူး။ မင်းသမီးမို့လုပ်တာနော်။ အပြင်မှာလုပ်တဲ့သူတွေတပုံကြီးရှိတယ်။ ဆရာသိသိကြီးနဲ့ချပြတော့ ဆရာ့စကားက သူများတွေရယ်စရာဖြစ်တာပေါ့။ သူကမင်းသမီးလေ ဆရာရဲ့။ ဆရာ မကျေနပ်တာတွေရှိရင် ဆရာ့ဆီမှာ ကျွန်မဖုန်းနံပါတ်ရှိတယ်။ ကျွန်မသမီးဖုန်းနံပါတ်ရှိတယ်။ လူကိုယ်တိုင်ခေါ်တွေ့ပြီးဆုံးမလို့ရတယ်။ တစိတ်ရှိလိုင်းပေါ်မှာပဲ ကျွန်မသမီးမကောင်းကြောင်းတွေချည်းလှိမ့်ပြောနေတော့ ဆရာမပီသဘူးလို့ကျွန်မထင်တယ်။ ဆရာကျွန်မတို့စိတ်ကိုသိလောက်ပါပြီ။ ဘယ်သူ့ကိုမှ မဟုတ်တာမပြောဘူး၊ မမှန်တာလည်းမလုပ်ဘူး။ ဆရာကျွန်မတို့ကိုထိခိုက်တဲ့စကားတွေပြောနေတာအရမ်းများနေပြီ။ ဆရာ့ပါးစပ်ထဲက ရွှေမှုန်ရတီဆိုတာကို ဖြုတ်ချလိုက်ပါ “ ဆိုပြီးပြောဆိုခဲ့တာဖြစ်ပါတယ်။

Gabriel


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။