ရွှေစုံတွဲရဲ့ ညစာစားပွဲကို တက်ရောက်လာခဲ့ကြတဲ့ နိုင်ငံကျော်အနုပညာရှင်များ

နိုဝင်ဘာလ ၁၁ ရက် (၁) လေးလုံးဆုံတဲ့နေ့လေးမှာ နေ့ကောင်းရက်မြတ်အဖြစ်သတ်မှတ်ပြီး မင်္ဂလာဧည့်ခံပွဲကို ရွှေထူးနဲ့ ရွှေမှုံရတီတို့က ပြုလုပ်ခဲ့ကြပါတယ်။
ချစ်ခဲ့တဲ့အချိန်တွေ တိုတောင်းလှတယ်ဆိုပေမယ့် ဘဝနှစ်ခု ပေါင်းစည်းနိုင်ဖို့အထိ ရည်ရွယ်ထားတဲ့အကြောင်းကို မင်္ဂလာပွဲလေးနဲ့သက်သေပြသွားခဲ့ပါတယ်။

ဒီကနေ့ည ၆ နာရီကနေ ၉ နာရီအထိ ရွှေနှစ်ရွှေတို့ရဲ့ မင်္ဂလာပွဲကို အင်းယျားလိတ်ဟိုတယ်မှာ ကျင်းပပြုလုပ်နေပြီဖြစ်ပါတယ်။ ဒီမင်္ဂလာပွဲလေးကိုတော့ အနုပညာရှင်ပေါင်းများစွာတက်ရောက်လာကြတာဖြစ်ပါတယ်။
ရွှေနှစ်ရွှေရဲ့ မင်္ဂလာပွဲကိုတက်ရောက်ဂုဏ်ပြုပေးလာကြတဲ့ လူမင်း၊ မို့မို့မြင့်အောင်၊ ရန်အောင်၊ ခိုင်သင်းကြည်၊ လွှမ်းပိုင်၊ ထက်ထက်၊ အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့ရဲ့ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Gabriel
Crd : weloveceles, Nyi Nyi Maung ( Sanchaung )

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။