ကိုယ့်ရဲ့အကြီးမားဆုံးလျှို့ဝှက်ချက်ကြီးတစ်ခုကို ပရိသတ်တွေရှေ့မှာ ရဲရဲကြီးဝန်ခံခဲ့တဲ့ Social Influencer Dee Dee

Dee Dee လို့သိကြတဲ့Lar Par Dee ဟာ ကချင်ပြည်နယ်၊ တနိုင်းမြို့၊ လမုန်ခ ကျေးရွာမှာမွေးဖွားခဲ့တဲ့ လီဆူးတိုင်းရင်းသားလေးတစ်ယောက်ပါ။ နာမည်ကြီး Social Influencer တွေထဲက တစ်ယောက်ဖြစ်သလို၊ စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် Motivational Video လေးတွေ၊ အကြောင်းအရာလေးတွေမျှဝေပေးတတ်ပြီး သူတည်ထောင်ထားတဲ့ Dee Dee Burmese Vlog ဆိုရင်လည်း လူငယ် follower တွေအများကြီးရှိနေသူပါ။

Dee Dee ဟာ လက်ရှိ သြစတေးလျနိုင်ငံမှာ Bachelor in Civil Engineering နောက်ဆုံးနှစ်တက်ရောက်နေတာဖြစ်ပြီး စာမေးပွဲဖြေဆိုထားပါတယ်။ မြန်မာနိုင်ငံကိုမကြာခင်ပြန်လာတော့မှာဖြစ်လို့ ကိုယ့်ရဲ့ဘဝကိုဟန်ဆောင်လိမ်ညာပြီး ဖြတ်ကျော်ရမှာကြောက်တဲ့အတွက်၊ သူ့ဘဝရဲ့ လျှို့ဝှက်ချက်ကြီးတစ်ခုကို ပရိသတ်တွေရှေ့ ရဲရဲဝံ့ဝံ့ပဲချပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ( ၄ ) ရက်နေ့က Dee Dee ဟာ သူ့ဘဝရဲ့အကြီးမားဆုံးလျှို့ဝှက်ချက်ကြီးတစ်ခုကို နိုဝင်ဘာ ( ၉ ) ရက်နေ့မှာ ပြောပြမယ်ဆိုပြီး ပရိသတ်တွေကို ကြေငြာခဲ့ပါတယ်။ တကယ်လည်း နိုဝင်ဘာ ( ၉ ) မှာ သူပြောခဲ့တဲ့အတိုင်း လျှို့ဝှက်ချက်တစ်ခုကို ထုတ်ပြောခဲ့ပါတယ်။ အဲဒါကတော့ Dee Dee က လိင်တူရော၊ လိင်ကွဲရော နှစ်ခုစလုံးကို စိတ်ဝင်စားတဲ့ Bisexual တစ်ယောက်ပါလို့ပြောခဲ့တာပါ။

ပရိသတ်တွေအနေနဲ့ လျှို့ဝှက်ချက်လို့ပဲသိထားပေမယ့် ဒီလိုမျိုးပြောမယ်လို့မထင်ထားတဲ့အတွက် တော်တော်လေးအံ့အားသင့်ခဲ့ကြပါတယ်။ သြစတေးလျမှာ ( ၄ ) နှစ်ကျောင်းတက်ပြီး စာမေးပွဲဖြေအပြီးမှာပဲ သူ့ရဲ့အကြီးမားဆုံး Top Secret တစ်ခုကို ပြောခဲ့တာပါ။

ဘာပဲဖြစ်ဖြစ် Dee Dee ရဲ့ video အောက်မှာ Fan တွေက ထောက်ခံအားပေးတဲ့ ကွန်မန့်တွေရေးသားပြီး Dee Dee ရဲ့ သတ္တိရှိမှုကိုချီးကျူးခဲ့ကြပါတယ်။ Dee Dee ရဲ့ video ကို ဒီနေ့အထိ ကြည့်ရှုသူ 180k ရှိနေပြီဖြစ်ပြီး Dee Dee ဟာ သူ့ကိုယ်သူ Bisexual တစ်ယောက်ပါလို့ ရဲရဲဝံ့ဝံ့ဝန်ခံခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး Social Media Influencer တစ်ယောက်လည်းဖြစ်ပါတယ်။ \

https://www.facebook.com/larphardee/videos/1943992475690883/ ( Video Here )

Gabriel

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။