ဘဏ်ပေါင်း (၂၁၇)ဘဏ်က ငွေတွေ ခိုးပြီး ဆင်းရဲသားတွေကို ဝေပေးခဲ့သူရဲ့ နောက်ဆုံးစကား

“ ဟမ်ဇား ” လို့ ခေါ်တဲ့ အမျိုးသားကတော့ ဘဏ်ပေါင်း(၂၁၇)ဘဏ်မှ ငွေတွေကို ဟက်ကင်းလုပ်ကာ ထိုးဖောက်ဝင်ရောက်ပြီး ကန်ဒေါ်လာ သန်း(၄၀၀)ကျော်ကို ခိုးယူပြီး မရှိဆင်းရဲသားတွေကို ခွဲဝေပေးခဲ့တဲ့သူပါ။


“ ဟမ်ဇား ” က ခိုးယူရတဲ့ သန်း(၄၀၀)ကျော်ကို အာဖရိကနဲ့ ပါလက်စတိုင်းဒေသတွေမှာ နေထိုင်တဲ့ ဒုက္ခသည်တွေအတွက် ပေးဝေ လှူဒါန်းပြီးတော့ သူ့အတွက် တစ်ပြားတစ်ချပ်မှကို မယူဘဲ ဝေမျှခဲ့ပါတယ်။ နောက်ပိုင်းမှာ “ ဟမ်ဇား ” ဖမ်းဆီးခံရပြီးနောက် အမြင့်ဆုံး ပြစ်ဒဏ်ဖြစ်တဲ့ ကြိုးမိန့်သေဒဏ်ကို ချမှတ်ခံခဲ့ရပါတယ်။ ကိုယ့်အတွက်မဟုတ်ဘဲ မရှိဆင်းရဲသားတွေအတွက် လုပ်ခဲ့တဲ့ လုပ်ရက်မို့ “ ဟမ်ဇား ” က “ ကျနော့်အနေနဲ့ ဒီပြစ်မှုအတွက် ဝန်ချတောင်းပန်ဖို့ မရှိပါဘူး ” လို့ ပြောခဲ့ပါတယ်။


ပြီးတော့ “ ဟမ်ဇား ” က ကမ္ဘာကြီးအတွက် သတင်းစကားတစ်ခု ပါးလိုက်ချင်ပါတယ်တဲ့ … “ ပိုမိုကောင်းမွန်တဲ့ ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးကို ဖန်တီးတည်ဆောက်ဖို့ အသုံးမချခဲ့ဘူးဆိုရင် ငွေကြေးနဲ့ ရာထူးအာဏာဆိုတာ အလကားပါ။ ဘာမှမဟုတ်ပါဘူး ” လို့ ရဲဝင့်တဲ့ အပြုံးလေးနဲ့ ပြောသွားခဲ့ပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။