ဆရာဂျွန်လွင် ဘက်က သတင်းစာရှင်းလင်းပွဲလုပ်ပြီး ရွှေမှုံရဲ့မိခင်ကို အမှန်အကန်ချေပတော့မလား ?

လက်ရှိ လူမှုကွန်ယက်ပေါ်မှာ viral အဖြစ်ဆုံး၊ trending အဖြစ်ဆုံးကတော့ ရွှေစုံတွဲရဲ့မင်္ဂလာပွဲ နဲ့ နောက်ဆက်တွဲသတင်းတွေပါပဲ။ မင်္ဂလာပွဲကိုလက်ရှိမှာ အောင်အောင်မြင်မြင်ကျင်းပပြီးစီးခဲ့ပြီဖြစ်ပေမယ့် မပြီးနိုင်သေးတဲ့ ပြသနာကတော့ မင်္ဂလာပွဲမတိုင်ခင် Bella Cosmetic ပိုင်ရှင် ဒေါ်ဝေသစ်လွင် ဆီမှာ ရွှေမှုံရတီ က စပွန်ဆာတောင်းတဲ့ကိစ္စ၊ အကြောင်းအမျိုးမျိုးကြောင့် ရွှေမှုံရတီဘက်က စပွန်ဆာမယူတော့ဘူးလို့ပြောတဲ့အကြောင်းတွေ၊ ဆရာဖြစ်သူ ဂျွန်လွင်ဝင်ပြီးဖြေရှင်းတဲ့အခါမှာ ရွှေမှုံရတီ ရဲ့မကောင်းကြောင်းတွေဖော်တယ်ဆိုပြီး ရွှေမှုံရတီ ရဲ့ မိခင်က ပြောခဲ့တာတွေဟာ အွန်လိုင်းမှာ တစ်ထောင့်တစ်ည ပုံပြင်တစ်ခုလိုဖြစ်ခဲ့ပါတယ်။

စပွန်ဆာကိစ္စမှာ ဆရာဂျွန်လွင်ဖြေရှင်းတဲ့အကြောင်းနဲ့ပတ်သက်ပြီး ရွှေမှုန်ရတီရဲ့ မိခင်ဖြစ်သူဟာ မကျေမနပ်ဖြစ်ပြီး အင်တာဗျုးတစ်ခုမှာ ဆရာဂျွန်လွင်ရဲ့ တပည့်အပေါ်ထားတဲ့သဘောထားတွေ၊ သူမရဲ့စိတ်နေစိတ်ထား၊ ရွှေမှုံရတီ ကိုကောင်းစားစေချင်ရင် ကောင်းတာတွေပဲပြောသင့်တယ်ဆိုတဲ့အကြောင်း နဲ့ ဆရာဂျွန်လွင့်ပါးစပ်ထဲက ရွှေမှုံရတီဆိုတဲ့နာမည်ကိုဖြုတ်ချလိုက်ပါ စတဲ့အကြောင်းအရာတွေကိုပြောခဲ့ပါတယ်။

အခြေအနေတွေက အဲ့ဒီလိုတင်းမာလာတဲ့အနေအထားမှာ မြန်မာနိုင်ငံရဲ့ ဝါရင့်စာနယ်ဇင်းပညာရှင်ကြီး ဦးမြတ်ခိုင်က သူ့ရဲ့ လူမှုကွန်ယက်ပေါ်မှာ “ ခေါင်းကိုင်ဖခင်ကြီး သတင်းစာရှင်းလင်းပွဲလုပ်မည်၊ မျှော်သည်၊ ပွဲကြည့်ကောင်းမည်၊ ဟိုတယ်တစ်ခုတွင်လုပ်မည်ဆို၊ ၂ ပါတ်အချိန်ပေးထားသည်ဟုပြောကြား “ လို့တင်ထားတာကြောင့် အထက်ပါအကြောင်းအရာတွေ၊ ရွှေမှုံရတီ မိခင်ပြောတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီး လိပ်ခဲတည်းလည်းဖြစ်နေတာတွေကို သတင်းစာရှင်းလင်းပွဲလုပ်ရတော့မယ် လို့ အနုပညာအသိုင်အဝိုင်း၊ စာနယ်ဇင်း နဲ့ ပရိသတ်တွေကပါ ထင်မြင်ချက်ပေးခဲ့ကြပါတယ်။

ဦးမြတ်ခိုင်ရေးထားတဲ့ post ကိုလည်း ဆရာဂျွန်လွင်က အခုလိုပဲ ပြန်လည်ဝေမျှထားခဲ့ပါတယ်။ အဲ့တော့ ရွှေသားအမိတွေနဲ့ ဆရာဂျွန်လွင်ရဲ့ကြား Relationship တစ်ခုက ပြန်လည်ကောင်းမွန်လာမလား ဒါမှမဟုတ် ပိုပဲဆိုးသွားမလားဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Gabriel
Crd : Myat Khine, John Lwin fb

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။