သတို့သမီးက သူ့ထက် ( ၁၄ ) နှစ်တောင်ငယ်တယ်လို့ ဆိုလိုက်တဲ့ ဆရာမောင်မောင်အေး

နာမည်ကြီး Presenter တစ်ယောက်ဖြစ်တဲ့ ဆရာမောင်မောင်အေးဟာ လူပျိုကြီးအဖြစ်သိုသိုသိပ်သိပ်နှစ်တွေအများကြီးနေခဲ့ပေမယ့် အခုအခါမှာတော့ မင်္ဂလာပွဲဆင်နွှဲတော့မှာဖြစ်တယ်လို့သိရပါတယ်။

သတို့သမီးလောင်းရဲ့အကြောင်းကို ပြောကြားခဲ့ရာမှာတော့ သတို့သမီး နဲ့ ဆရာမောင်မောင်အေးက အသက် ဆယ့်လေးနှစ် ( ၁၄ ) နှစ်တိတိကွာတဲ့အကြောင်းလည်းသိရပါတယ်။ မင်္ဂလာပွဲလုပ်မယ့်နေရာကတော့ သုဝဏ္ဍဘူမိမှာ Outdoor လုပ်မယ်လို့ဆိုပါတယ်။ နာမည်ကြီး Presenter တစ်ယောက်ဖြစ်တဲ့ ဆရာမောင်မောင်အေးဟာ လူပျိုကြီးအဖြစ်သိုသိုသိပ်သိပ်နှစ်တွေအများကြီးနေခဲ့ပေမယ့် အခုအခါမှာတော့ မင်္ဂလာပွဲဆင်နွှဲတော့မှာဖြစ်တယ်လို့သိရပါတယ်။

သတို့သမီးလောင်းရဲ့အကြောင်းကို ပြောကြားခဲ့ရာမှာတော့ သတို့သမီး နဲ့ ဆရာမောင်မောင်အေးက အသက် ဆယ့်လေးနှစ် ( ၁၄ ) နှစ်တိတိကွာတဲ့အကြောင်းလည်းသိရပါတယ်။ မင်္ဂလာပွဲလုပ်မယ့်နေရာကတော့ သုဝဏ္ဍဘူမိမှာ Outdoor လုပ်မယ်လို့ဆိုပါတယ်။ Outdoor လုပ်ရခြင်းကတော့ Indoor က ဝိုင်းခြောက်ဆယ်၊ ခုနှစ်ဆယ်အထိပဲဆန့်တာဖြစ်တဲ့အတွက် လူရှစ်ရာကိုးရာတစ်ထောင်ဖြစ်လာခဲ့ရင် ဝိုင်းတွေခွဲထိုင်ရတဲ့ Separate ဆိုတဲ့ Feeling ကြီးမပေးချင်လို့ပါဆိုပြီး သူ့ရဲ့စေတနာကိုပါပြောခဲ့ပါတယ်။

ပျားရည်ဆမ်းခရီးစဉ်ကတော့ လောလောဆယ်ရှိဦးမှာမဟုတ်ပဲ ဒီဇင်ဘာ၊ ဇန်နဝါရီ နဲ့ ဖေဖော်ဝါရီပွဲတွေတိုက်နေတဲ့အတွက် မင်္ဂလာဦးညမှာတောင် ကိုဆန်းထွဋ် နဲ့အိပ်ရင်အိပ်ရမှာဆိုပြီး အရွှန်းဖောက်ပြောဆိုခဲ့ပါတယ်။
ပျော်တတ်နောက်တတ်တဲ့ ဆရာမောင်မောင်အေး ရော၊ အိမ်သူသက်ထားဖြစ်လာမယ့် ညီမချောချောလေးရော သာယာပျော်ရွှင်တဲ့ မိသားစုဘဝတစ်ခုထူထောင်နိုင်ပါစေလို့ WE Media ကနေဆုတောင်းလိုက်ပါတယ်။

Gabriel
















we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။