မြန်မာ-ကမ္ဘောဒီးယားပွဲစဉ်က နှစ်ဖက်ပရိသတ်တွေရဲ့ ရင်ကို လှုပ်ခတ်စေခဲ့တဲ့ မြန်မာအမျိုးသမီးပရိသတ်လေးက ဘယ်သူလဲ ?

တစ်နေ့က မြန်မာ နဲ့ ကမ္ဘောဒီးယား ကစားခဲ့တဲ့ပွဲစဉ်မှာ လာရောက်ကြည့်ရှုခဲ့တဲ့ အမျိုးသမီးပရိသတ်တစ်ဦးရဲ့ ပုံရိပ်လေးတွေဟာ နှစ်ဖက်စလုံးက ပရိသတ်တွေရဲ့ ရင်ထဲကို လှုပ်ခတ်စေခဲ့တယ်။
မြန်မာအသင်းဟာ ကစားကွက်အပြောင်းအလဲ စတင်နေချိန်မှာ မြန်မာအသင်းပွဲကြည့်စင်ရဲ့ VIP Lounge မှာ ကြည့်ရှုနေတဲ့အမျိုးသမီးတစ်ဦးရဲ့ ပုံကိုတွေ့ရှိခဲ့ရပြီး သူမဘယ်သူလဲ ဆိုတာကို သိချင်နေကြတဲ့ စိတ်က ဘောလုံးပွဲနဲ့အပြိုင် ရေပန်းစားခဲ့ပါတယ်။

သူမကတော့မိတ်ကပ်ပညာရှင် တေဇာကိုကို ပါပဲ။ သူမဟာ မြန်မာအသင်းရဲ့ ပွဲစဉ်ကို VIP Lounge ကနေ ကြည့်ရှုအားပေးခဲ့ပြီး သူမရဲ့ လူမှုကွန်ယက်မှာလည်း တင်ခဲ့တယ်။ ပရိသတ်တွေကတော့ ဘောလုံးပွဲစဉ်ထက် ဒီမိန်းကလေးဘယ်သူလဲ ဆိုတာကိုသိရဖို့ သူမရဲ့ Profile ကို အပြင်းအထန်ပဲရှာဖွေခဲ့ကြပါတယ်။

ဓာတ်ပုံမှာ ညှို့အားပြင်းတဲ့အလှတွေ ဝေဆာနေပေမယ့် သူမ ဘယ်သူလဲဆိုတာကို ပြောနိုင်တဲ့သူ အစတုန်းက မရှိခဲ့ပါဘူး။ ဒါ့အပြင် လှပလွန်းတဲ့ပုံရိပ်ကြောင့် မြန်မာလား .. ဂျပန်မလေးလား ဆိုတာကိုပါ ပရိသတ်တွေက ငြင်းခုန်ခဲ့ကြသေးတယ်လို့သိရပါတယ်။

တဖြည်းဖြည်းနဲ့ပရိသတ်တွေ ရှာဖွေကြပြီးနောက်မှာတော့ လူမှုကွန်ယက်အသုံးပြုသူတစ်ဦးက သူမရဲ့အကောင့်ကို ရှာတွေ့ခဲ့ပြီး ဝေမျှပေးခဲ့ပါတယ်။

သူမရဲ့ ပုံရိပ်ကို ဒုတိယပိုင်းမှာ ရှာတွေ့ခဲ့သလို အဲ့ဒီအချိန်နောက်မှာပဲ မြန်မာအသင်းအနိုင်ရရှိခဲ့လို့ သူမဟာ မြန်မာတို့အတက် ကံကောင်းခြင်းတွေကို ယူဆောင်လာခဲ့သူလေးလား ဆိုပြီးဖော်ပြနေကြသူတွေလည်းရှိပါတယ်။ လာမယ့် ပွဲစဉ်တွေမှာတော့ သူမကို မြင်တွေ့ရမလားလို့ စိတ်ဝင်စားသူတွေလည်း အများကြီးရှိနေပြီး သူမရဲ့ လူမှုကွန်ယက်အကောင့်ကတော့ အဲဒီအချိန်အတွင်း ရှာဖွေခံရမှုအများဆုံး Profile လေးတစ်ခုဖြစ်ခဲ့တာ အသေအချာပါပဲ။

၀န်းရံချင်တဲ့ ချိဖ တို့အတွက်အကောင့်လေးပါ လင်းပေးလိုက်တယ်ဗျာ .. 

https://www.facebook.com/buddy.joe.3323#

add ချင်သူတွေ add စေ
Follow ကြစေ
See First ကြစေ
:)
Gabriel
Ref : Suzuki Cup, Tay Zar Ko Ko





we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။