ကောင်မလေးကို ဓါးနဲ့ထောက်ပြီး ချစ်ခွင့်ပန်လို့ အဖမ်းခံရ

နိုဝင်ဘာ (၁၁)ရက်နေ့ ညနေ (၆)နာရီ (၃၀)အချိန်လောက်က မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်၊ (၆၉)လမ်း၊ (၄၃ × သိပ္ပံလမ်းကြား)တွင် မောင် ××××××  (၂၀)နှစ် မှ အောင်မြေသာစံမြို့နယ်နေသူ မ ×××××× အား လူငယ်တို့ ဘာသာဘာဝအရ ချစ်ခွင့်ပန်ရန်ကြိုးစားရာ မိန်းကလေးဘက်မှ ပြန်လည်ချစ်ကြိုက်ခြင်းမရှိသဖြင့် အသင့်ပါလာတဲ့ ဓားကို ကိုင်ကာ လည်ပင်းအားထောက်ပြီး အဖြေတောင်နေစဉ် မဟာအောင်မြေ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် တွေ့ရှိ၍ သက်သေခံ ဓားဦးချွန်(၁)ချောင်းအား သက်သေများရှေ့ ရှာဖွေပုံစံဖြင့် သိမ်ဆည်းခဲ့ပြီး မဟာအောင်မြေမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါတယ်။

Crd;

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။