ရာသီဥတုအရမ်းပူတဲ့အခါ ဘယ်လိုနေကြရမလဲ?

မြန်မာနိုင်ငံရဲ့နေရာအနှံ့အပြားမှာ နေ့စဉ်နဲ့အမျှအပူချိန်က တိုးတိုးလာပါတယ်…။ မိုးတွင်း၊ ဆောင်းတွင်းတွေမှာတောင် နေ့လည်ဖက်တွေမှာ အပူဒဏ်ကို ဆိုးဆိုးရွားရွားခံစားရပါတယ်…။ နွေရာသီဆိုရင်တော့ မီးဖိုထဲ ဝင်နေရသလိုပဲပေါ့…။ အရမ်းပူလောင်လာပြီး နေလို့ထိုင်လို့မရတော့ဘူးဆိုရင် အပူဒဏ်က သက်သာစေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်…။
အကယ်၍သင့်အိမ်မှာ မြေအောက်ခန်းရှိမယ်ဆိုရင် အဲ့လိုနေရာမျိုးမှာဝင်နေပါ…။ ခြံဝန်းကျယ်ကျယ်ရှိမယ်ဆိုရင် တွင်းပုံစံကျယ်ကျယ်တူးထားပြီး အမိုးမိုးကာ အထဲမှာနေနိုင်ပါတယ်..။ မြေအောက်ခန်းကအပူချိန်က သာမန်မြေပြင်အပူချိန်ထက် ၁၀ ကနေ ၁၅ ဒီဂရီထိ နိမ့်နေတတ်လို့ပါပဲ…။

အစပ်တွေစားနိုင်ပါတယ်…။ သရက်သီးသုပ်၊ မရမ်းသီးသုပ် စတဲ့ ချဉ်ချဉ်စပ်စပ်အစားအစာတွေကို စားပြီးတဲ့အခါ ချွေးတွေထွက်လာပြီး သင့်ခန္ဓာကိုယ်ရဲ့အပူချိန်ကို လျော့ကျစေပါတယ်…။ ပရိုတင်းဓာတ်ပါတဲ့ အစားအစာတွေကို ရှောင်ကြဉ်ရပါမယ်…။ အသီးဖျော်ရည်လေးတွေ ဖျော်သောက်ပေးပေါ့…။ အပူလွန်ကဲခြင်းကြောင့် ခန္ဓာကိုယ်မှ ရေဓာတ်ခန်းခြောက်ခြင်း (dehydration) ဖြစ်စေတတ်တဲ့အတွက် ရေများများသောက်ပေးဖို့ အထူးလိုအပ်ပါတယ်။ အထူးသဖြင့် နေပူထဲသွားလာ လှုပ်ရှားရတဲ့သူတွေအတွက် လိုအပ်ရင် ဓာတ်ဆားရည် (သို့) ပိုတက်ဆီယမ် နဲ့ ဆိုဒီယမ်တို့ပါတဲ့ အအေးမျိုး (ဥပမာ -pocari sweat) သောက်သုံးပေးသင့်ပါတယ်။

အဝတ်အစားကိုလည်းအတတ်နိုင်ဆုံး အဖြူ၊ အဝါ၊ အပြာနု စတဲ့ အရောင်လင်းလင်းလေးတွေဝတ်ဆင်ပါ…။
ဒီလိုအရောင်လေးတွေက နေရောင်ကိုစုပ်ယူထားခြင်းမရှိဘဲ အလင်းပြန်နိုင်စေပါတယ်…။ နေရထိုင်ရတာ သက်သောင့်သက်သာရှိမယ့် ချည်သားအဝတ်အထည်များကို ရွေးဝတ်နိုင်ရင်တော့အကောင်းဆုံးပေါ့…။
ပူလွန်းတဲ့အချိန်မှာ အဝတ်အစားတင်မကဘဲ သင့်မျက်လုံးတွေကိုလည်း ဂရုစိုက်ဖို့ မမေ့ပါနဲ့။ ဘယ်သွားသွား နေကာမျက်မှန်တပ်တဲ့အလေ့အကျင့်လုပ်ပါ။ နွေရာသီအတွက်တော့ UV Rays ရောင်ခြည်တွေကို ၉၀% ၁၀၀% ကာကွယ်ပေးနိုင်တဲ့ နေကာမျက်မှန်မျိုး ဝယ်သင့်ပါတယ်။ UVA နဲ့ UVB လို့ခေါ်တဲ့ ခရမ်းလွန်ရောင်ခြည်တွေရဲ့ ဒဏ်ကို ကာကွယ်ဖို့  SPF ပါတဲ့ Sun Cover Lotion မျိုးလိမ်းသင့်ပါတယ်။


ရှားစောင်းလက်ပတ်ခရင်ကို လိမ်းပြီးရေဓာတ်ပြန်လည်ပြည့်အောင်လုပ်ပါ…။ အရေပြားပြဿနာတွေ မဖြစ်အောင်ပေါ့…။ အသားအရေအေးအေးလေးနဲ့ နေလို့ကောင်းမှာပါ…။ ရှားစောင်းလက်ပတ်အပင်ကို ခူးပြီးသူ့အနှစ်တွေကို လိမ်းမယ်ဆိုလည်းရပါတယ်…။


အပြင်သွားမယ်ဆိုရင် Wet Tissue လိုအထုပ်လေးတွေကို ညတည်းကရေခဲသေတ္တာထဲ ကြိုထည့်ထားကာ၊ အပြင်ထွက်တဲ့အခါယူသွားပြီး ပူလောင်တဲ့အချိန်မှာ အသုံးပြုနိုင်ပါတယ်…။ အပူဒဏ်ပြင်းတဲ့အချိန်မှာ ရေသန့်နဲ့ သကြားမပါတဲ့ အချိုရည်များကို သောက်သုံးနိုင်ပြီး ကော်ဖီနဲ့ ကိုလာတွေကို မသောက်သုံးကြဖို့ အကြံပေးချင်ပါတယ်…။