ပြီးပြည့်စုံတဲ့အလှတရားတွေနဲ့အီဂျစ်နတ်ဘုရားမအလားထင်မှတ်ရမယ့်ရွှေအိမ်စည်

    အလှမယ်ရွှေအိမ်စည်ကတော့ နိုဝင်ဘာလ(၁၇)ရက်နေ့မှာMiss Supranational ပြိုင်ပွဲကိုယှဉ်ပြိုင်ဖို့အတွက် မြန်မာနိုင်ငံမှထွက်ခွာတော့မှာဖြစ်ပါတယ်။ပရိသတ်အားပေမှုများတဲ့အလှမယ်တစ်ယောက်ဖြစ်တာကြောင့် သူမယှဉ်ပြိုင်မဲ့ Evening Gown နဲ့ National Costume ဝတ်စုံတွေ ထွက်ရှိလာမဲ့ Photoတွေကို မြင်တွေ့ရဖို့ပရိသတ်တွေကစိတ်စောနေတာလည်းဖြစ်ပါတယ်။

သူမကတော့ Miss Golden Land Myanmar ပေ့ချ်မှာ

“အီဂျစ်နတ်ဘုရင်မတစ်ပါး မြန်မာပြည်မှာ လူသားအသွင်မွေးဖွားလာသောအခါ...

Queen Shwe Eain Si ဟု ခေါ်သည်... 

Your very own Miss Golden Land Myanmar 2018 ...”  ဆိုတဲ့ Captionနဲ့ ဒီနေ့မနက်မှာ အမိုက်စားပုံတစ်ခုကိုချပြလိုက်ပါပြီနော်။ပရိသတ်တွေမျှော်လင့်ထားတာထက်တောင်မှ လှနေတဲ့ရွှေအိမ်စည်ရဲ့ပုံလေးကိုမျှဝေလိုက်ပါတယ်....။

အသဲတစ်ခုလုံးကိုဖမ်းစားသွားတဲ့ စည်ကတော့ ၂၁ ရာစုရဲ့အလှနတ်ဘုရားမတစ်ပါးပါပဲ…..။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။