သူငယ်ချင်းကောင်းဆိုတာ

သူငယ်ချင်းကောင်းဆို ဘယ်အရာနဲ့လဲလို့မရတဲ့ တန်ဖိုးရှိတဲ့ ရတနာတစ်ပါးဆိုလည်းမမှားပါဘူး။ ကိုယ့်အခက်အခဲတွေကို ကိုယ့်ပြဿနာတွေကို တူတူမျှဝေခံစားပေးတတ်ကြတဲ့ သူတွေဆိုလည်းဟုတ်ပါတယ်။ သင့်ပြဿနာဟာ သူ့ပြဿနာပါပဲဆိုပြီးတော့ ခံယူထားတဲ့သူလည်းဖြစ်ပါတယ်။ တစ်ယောက်အတွင်းစိတ် တစ်ယောက်အသိဆုံး အနီးကပ်ဆုံးသူတွေလည်းဖြစ်ကြပါတယ်။ ဒီတော့ သူငယ်ချင်းကောင်းတွေအတွက် မှတ်သားစရာ ဗဟုသုတလေးတွေကို စာတိုစာစလေးတွေနဲ့ ပြန်လည်မျှဝေလိုက်ခြင်းဖြစ်ပါတယ်။


၁။သူငယ်ချင်းစဖြစ်တဲ့အချိန်ဟာ တစ်ယောက်ကိုတစ်ယောက်က "ဘာ အဲ့ဒါမင်းရောပဲလား၊ ငါက ငါတစ်ယောက်တည်းမှတ်နေတာ" ဆိုပြီး စပြောတဲ့အချိန်ပေါ့၊ အဲ့ဒီမှာ သူငယ်ချင်းသံယောဇဉ်စတာပါပဲ။ (C.S Lewis)

၂။အလင်းရောင်ထဲမှာ တစ်ယောက်တည်း လမ်းလျှောက်နေရတာထက်စာရင် အမှောင်ထဲမှာ သူငယ်ချင်းနဲ့အတူ လမ်းလျှောက်ရတာ ပိုကြိုက်တယ်။ (Helen Keller)


၃။သူငယ်ချင်းသံယောဇဉ်ဆိုတာ ကမ္ဘာပေါ်မှာ ရှင်းပြရအခက်ဆုံးပါပဲ။ ဒါကို ကျောင်းမှာလည်း မသင်ခဲ့ရပါဘူး။ သင်ဟာ သူငယ်ချင်းသံယောဇဉ်ကို ဘာမှန်းမသိဘူးဆိုရင် အခြားဘယ်အရာကိုမှ သိမှာမဟုတ်တော့ဘူး။ (Muhammad Ali)


၄။သူငယ်ချင်းဆိုတာ သင်ဘယ်လိုလူမျိုးလဲဆိုတာ သိတဲ့သူတစ်ယောက်ပါ၊ ဒါ့အပြင် သင်ဘယ်တွေ ရောက်နေသလဲဆိုတာကိုလည်း မပြောဘဲနားလည်သလို သင်ဖြစ်လာတဲ့ ဘယ်အရာကိုမဆို သူတို့ လက်ခံပေးတတ်ကြပါတယ်။ (William Shakespeare)


၅။အကောင်းဆုံးကြည့်မှန် တစ်ချပ်ဟာ သင့်သူငယ်ချင်းဟောင်းပါပဲ။ (George Herbert)


၆။အမျိုးသမီးတစ်ယောက်အတွက် အခြားသောအမျိုးသမီးတစ်ယောက်က သူငယ်ချင်းဖြစ်လာတဲ့အခါ ဘဝဟာ ပိုလွယ်ကူသွားတတ်တယ်။ (Diane Von Furstenberg)


၇။သူငယ်ချင်းအစစ်အမှန်ဆိုတာ စိန်တုံးတွေလိုပါပဲ။ အမြဲတောက်ပနေတယ်။ လှပပြီး တန်ဖိုးရှိတယ်။ အမြဲစတိုင်ကျနေတယ်။ (Nicole Richie)

Ref : Yourtango


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။