
ကိုရီးယားမှာ ခွဲစိတ်ပြုပြင်ပြီး မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားတဲ့ MMID က ပိုးမီ
MMID Season 3 မှာ ဒိုင်တွေရဲ့အကြိမ်ကြိမ် save လုပ်ခြင်းခံရတဲ့ ပိုးမီ ဟာ ပြိုင်ပွဲပြီးဆုံးသွားပေမယ့် သူမရဲ့အရည်အချင်းတွေကတော့ မပြီးဆုံးသွားပါဘူး။ သူမကိုယ်တိုင်ရေးပြီး ကိုယ်တိုင်သီဆိုထားတဲ့ အလိုက်တသိ ဆိုတဲ့ သီချင်းလေးကလည်း ပရိသတ်တွေကြားထဲမှာ ပြန့်နှံ့မှုအားတော်တော်ကောင်းခဲ့တာပါ။
ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ဖို့ကြိုးစားနေသလို ဂီတလောကမှာ နေရာတစ်နေရာရှိဖို့ ကြိုးစားနေတဲ့ ပိုးမီ ဟာ ဒီလထဲမှာ ကိုရီးယားနိုင်ငံကို သွားရောက်ပြီး မျက်နှာခွဲစိတ်ပြုပြင်မှုခံယူခဲ့ပါတယ်။ သူမနဲ့အတူတူ MMID Host တစ်ယောက်ဖြစ်တဲ့ ကျော်ထက်အောင် လည်း ပါဝင်ခဲ့ပါတယ်။
ပိုးမီ တစ်ယောက်တော့ ခွဲစိတ်အပြီးမှာ ပိုလို့တောင်လှပြီး ချစ်ဖို့ကောင်းလာတာကိုတွေ့ရမှာပါ။ သူမရဲ့ before surgery နဲ့ After surgery ပုံလေးတွေကို နှိုင်းယှဉ်ကြည့်လိုက်ရင် ပိုပြီးသိသာမှာပါ။ တကယ်လည်း လှပလာတာဖြစ်သလို ပြောင်းလဲသွားတဲ့အကြောင်းကိုလည်း သူမရဲ့ Fan တွေက မှတ်ချက်ပေးခဲ့ကြပါတယ်။
Gabriel
Ref : focusmyanmarnet
we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။