မိန်းမလှလေးကြောင့် တစ်ညတည်းကို ရောင်းအား (၄)ဆကျော်အထိဖြစ်စေခဲ့

ဈေးကွက်စီးပွားရေးစနစ်ကို တိုးတက်အောင်လုပ်ဖို့ဆိုတာ Idea တော့ လိုတာပေါ့နော်။ အခုလည်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မိန်းမလှလေးတစ်ယောက်ရောင်းနေတဲ့ အသားဆိုင်လေးမှ ပုံတွေက နာမည်ကြီးနေပါတယ်။


ထိုင်ဝမ်မြို့က Taichung ညဈေးတန်းက လမ်းမတစ်ခုပေါ်မှာ ရုပ်ရည်ချောမောလှပပြီး ကိုယ်လုံးကိုယ်ပေါက်လည်း တောင့်တင်းနေတဲ့အပြင် ဘောင်းဘီအတိုလေးနဲ့ အပေါ်ပိုင်းရင်သားကို မလုံ့တလုံဖော်ပြထားတဲ့ မိန်းမလှလေးရောင်းနေတဲ့ အသားဆိုင်မှာတော့ ဝယ်သူတွေနဲ့ စည်ကားနေခဲ့ပါတယ်။


ထိုင်ဝမ် ညဈေးတန်း လမ်းဘေးဈေးသည်တစ်ဦးက ရောင်းအားကျနေတဲ့ သူ့ရဲ့ ဆိုင်ကို ရောင်းအားပြန်တက်အောင် ဗျူဟာခင်းတဲ့အနေနဲ့ ချောမောတဲ့ မော်ဒယ်မိန်းမလှလေးကို တစ်ညဈေးရောင်းပေးဖို့ ငှားရမ်းခဲ့တာပါ။ သူ့ရဲ့ ထူးခြားတဲ့ Idea တွေကြောင့် တကယ်လည်း ရောင်းအားကောင်းခဲ့ပါတယ်။ ဘယ်လောက်ထိတောင် ရောင်အားကောင်းခဲ့လည်းဆိုရင် အရင်ထက် (၄)ဆတောင် ပိုရောင်းခဲ့ရပါတယ်။


ဆိုင်ပိုင်ရှင် အမျိုးသားက ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်ဝမ်မီဒီယာတစ်ခုကို ဒီလိုပြောခဲ့ပါတယ် “ ဒီမိန်းကလေးကို ဈေးရောင်းစေခဲ့တဲ့ အခါမှာတော့ စူးစမ်းချင်တဲ့ ဈေးဝယ်သူတွေက ဆိုင်ကိုလာပြီး ဈေးဝယ်ခဲ့ကြောင်း၊ ဒါကြောင့် ရောင်းအားက (၄)ဆလောက် တတ်သွားခဲ့တယ်လို့ ဆိုပါတယ်။ ဆိုင်ရောင်းအားတက်ဖို့ ငှားထားတဲ့ မော်ဒယ်မလေးရဲ့ ပုံတွေကတော့ လူမှုကွန်ယက်တွေပေါ်မှာ ပလူပျံခဲ့ပါတယ်။


ထိုင်ဝမ်မီဒီယာတစ်ခုကဆိုရင် အဲ့ဒီကောင်မလေးကို “ Braised Sister ” ဆိုပြီး တင်စားဖော်ပြခဲ့ပါတယ်။ ဆိုင်ရောင်းအားတက်အောင် လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုရှိတဲ့ ပုံစံမျိုးနဲ့ ဝတ်စားထားတဲ့ မိန်းမလှလေးတွေကို အသုံးချတဲ့ ဖြစ်ရပ်တွေဟာ ပိုများလာတာကို တွေ့ရပါတယ်။


Credit:

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။