ကွင်းထဲမှာဂိုးပေါက်ပျောက်နေပေမယ့် ကွင်းပြင်မှာ ( ၆ ) ပတ်တည်းနဲ့ မိန်းမ ( ၃ ) ယောက်ကို ကလေး ( ၃ ) ယောက်မွေးစေခဲ့သူ

စတုတ်ခ် စီးတီး ရဲ့ တိုက်စစ်မှုး ဘရာဟီနို ဟာ ကွင်းထဲမှာ ဂိုးပေါက်ပျောက်နေသူအဖြစ်လူသိများပါတယ်။ ဘယ်လောက်ထိ ဆိုးရွားသလဲဆိုရင် ပြီးခဲ့တဲ့ ( ၉၁၃ ) ရက်စလုံးမှာ သွင်းဂိုး ( ၁ ) ဂိုးပဲရှိတဲ့အထိ ဆိုးရွားခဲ့သူပါ။
အဲ့ဒီလိုမျိုး ကွင်းထဲမှာသာ ဂိုးပေါက်ပျောက်နေပေမယ့် အပြင်မှာတော့ ဂိုးသွင်းကောင်းတဲ့ကိုကို တစ်ယောက်လို့ပြောရမှာဖြစ်ပါတယ်။ သူဟာ ရက်သတ္တပတ် ( ၆ ) ပတ် နဲ့ ကလေး ( ၃ ) ယောက်ရဲ့ ဖခင်ဖြစ်လာခဲ့တဲ့အထိ တစ်ဂိုးပြီးတစ်ဂိုးသွင်းယူခဲ့သူလည်းဖြစ်ပါတယ်။

ကလေး ( ၃ ) ယောက်ရဲ့ ဖခင်ဆိုလို့ မိန်းမတစ်ယောက်တည်းက ( ၃ ) မွှာပူးလေးမွေးတယ်ဆိုပြီး အထင်ရောက်ကြလိမ့်မယ်။ မဟုတ်ပါဘူး။ သူနဲ့ တွဲနေတဲ့ အမျိုးသမီး ( ၃ ) ယောက်စလုံး ဟာ ရက်သတ္တပတ် ( ၆ ) ပတ်အတွင်းမှာပဲ ကလေး ( ၃ ) ယောက်ကို တစ်ပြိုင်တည်းမွေးဖွားလိုက်ကြတာဖြစ်ပါတယ်။

ကလေးမွေးခဲ့ကြသူတွေထဲ နံပါတ် ( ၁ ) က သူ့ရဲ့ရည်းစားဟောင်း စတက်ဖန်နီယာ ဖြစ်ပြီး ဘာမင်ဟမ်ဆေးရုံမှာ ရင်သွေးတစ်ဦးမွေးဖွားခဲ့ပါတယ်။ မွေးစာရင်းမှာ ဖခင်ဖြစ်သူဟာ ဘရာဟီနို ဖြစ်တယ်လို့ရေးခဲ့ပါတယ်။
နံပါတ် ( ၂ ) ကတော့ အမည်မဖော်တဲ့ သူနာပြုအမျိုးသမီးလေးတစ်ဦးဖြစ်ပြီး ရင်သွေးရဲ့ ဖခင်နာမည်ကို ဘရာဟီနို လို့ပဲဖြည့်သွင်းခဲ့ပါတယ်။
နံပါတ် ( ၃ ) က အမေရိကန်လူမျိုးမော်ဒယ်လ် လဗ်လေ့စ် ဖြစ်ပြီး သူမမွေးဖွားခဲ့တဲ့ ရင်သွေးရဲ့ ဖခင်နေရာမှာ ဘရာဟီနို ရဲ့နာမည်ကို ရေးခဲ့ပါတယ်။

ကလေးအဖေဖြစ်ရတဲ့ ခံစားချက်ဟာ ပျော်စရာ၊ ကြည်နူးစရာကောင်းတယ်လို့ပြောကြပေမယ့် ဘရာဟီနို ကတော့မပျော်နိုင်သေးပါဘူး။ ကလေးမိခင် ( ၃ ) ယောက်မှာ လဗ်လေ့စ် တစ်ယောက်ကလွဲလို့ ကျန်တဲ့ ( ၂ ) ယောက်က ကလေးစရိတ်တောင်းနေကြတဲ့အတွက် ခေါင်းတွေခဲနေရပြီဖြစ်ပါတယ်။

မဟုတ်တဲ့နေရာ ဂိုးသွင်းကောင်းလွန်းတဲ့ ဘရာဟီနို တစ်ယောက် ဘယ်လိုတွေများဖြေရှင်းမလဲ ?

Gabriel






we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။