ကိုရီးယားကျောင်းသားတွေ သူတို့ရဲ့ဆရာအဖြစ် တွေ့မြင်ချင်တဲ့ အနုပညာရှင် (5) ဦး

ကိုရီးယားမှာရှိတဲ့ အထက်တန်းကျောင်းသား၊ ကျောင်းသူအယောက် တစ်ထောင်ခန့်ရဲ့အဖြေအရ သူတို့ရဲ့ဆရာအဖြစ်လိုချင်တဲ့ အနုပညာရှင်ကို စစ်တမ်းကောက်ကြည့်ရာ မဲပေးမှုအများဆုံး (5) ဦး ထွက်ပေါ်လာပါတယ်…။ ဘယ်သူတွေလည်းဆိုတာကိုတော့ တစ်ပုံချင်းစီ ကြည့်ကြည့်လိုက်ပါနော်…။


(1) Park Hyung Sik
အသက် 25 နှစ်ရှိပြီဖြစ်တဲ့ Hyung Sik ဟာ ကိုရီးယားဂီတအဖွဲ့ ZE:A ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီးတော့ 2009 ခုနှစ်တည်းက အနုပညာအလုပ်တွေ စလုပ်ခဲ့တာဖြစ်ပါတယ်..။ ZE:A အဖွဲ့ရဲ့လှုပ်ရှားမှုတွေကျဲနေချိန်မှာ သူပါဝင်သရုပ်ဆောင်ထားတဲ့ Strong Woman Do Bong Soon ဇာတ်လမ်းတွဲနဲ့အတူ အောင်မြင်မှုများစွာ ရရှိခဲ့တဲ့အတွက် ဆယ်ကျော်သက်တို့ အသည်းစွဲဖြစ်သွားပုံရပါတယ်…။


(2) Park Bo Young
Strong Woman Do Bong Soon ဇာတ်လမ်းတွဲနဲ့ပဲ အောင်မြင်မှုများစွာရရှိထာတဲ့ Bo Young ကတော့ အသက် 27 နှစ်ရှိပြီဖြစ်ကာ 2006 ခုနှစ်တည်းက အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်..။ နာမည်ကျော် Running Man အစီအစဉ်မှာ ဧည့်သည်အဖြစ် လေးကြိမ်တိတိပါဝင်ဖူးပြီး သူ့ရဲ့ချစ်စဖွယ်မျက်နှာကြောင့် ပရိသတ်တွေရဲ့အချစ်ကို ပိုင်ဆိုင်ထားသူလေးပါ…။


(3) IU
ကိုရီးယားရဲ့နာမည်ကျော် တစ်ကိုယ်တော်အဆိုတော်မလေး IU လည်း ဒီစာရင်းထဲမှာ သုံးယောက်မြောက် အဖြစ်ပါဝင်နေပါတယ်…။ အသံကောင်းရုံတင်မကပဲ စိတ်ထားကလည်းဖြူစင်တာကြောင့် 2008 ခုနှစ်တည်းကနေ အခုချိန်ထိအောင်မြင်လျက်ရှိပါတယ်…။


(4) Park Bo Gum
မိန်းခလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ်ချစ်ရတဲ့ မင်းသားလေးကတော့ Bo Gum ပဲဖြစ်ပါတယ်…။ သူ့ရဲ့ ချစ်စဖွယ်အပြုံးလေးတွေက ပရိသတ်ကို ဖမ်းစားနိုင်လွန်းပါတယ်…။ 2011 ခုနှစ်မှစပြီး အနုပညာလောကထဲ ဝင်ရောက်လာတာဖြစ်ပြီး 2016 ခုနှစ်မှာထွက်ရှိခဲ့တဲ့ Love in the Moonlight ဇာတ်လမ်းတွဲက Bo Gum ကိုအောင်မြင်ကျော်ကြားစေခဲ့ပါတယ်…။


(5) Kim Se Jeong
1996 ခုနှစ်ဖွားဖြစ်တဲ့ Se Jeong ကတော့ အသက်အရွယ်နှင့် မလိုက်အောင် အင်မတန်ရင့်ကျက်ပြီး စိတ်ထားကောင်းတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်…။ ကိုရီးယားကျောင်းသားတွေရဲ့ ဆရာမအဖြစ် တွေ့မြင်လိုတဲ့ Se Jeong ဟာဆိုရင် Kim So Hye (IOI) ရဲ့ဆရာမဆိုလည်းမမှားပါဘူး…။ Produce 101 Season 1 နဲ့အတူအောင်မြင်လာတဲ့ အဆိုရှင်တစ်ဦးလည်းဖြစ်ပါတယ်….။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။