သွားရည်စာ ဆိုတာထက် အများကြီး ပိုတဲ့ နေကြာစေ့

နေကြာစေ့ ဟာ သာမန်သွားရည်စာတစ်မျိုး

မဟုတ်ပဲ ဗီတာမင်ဘီနှင့် ဗီတာမင်အီး ကြွယ်ဝတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။

ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတင်း (Protein) ဓာတ်အပြင် မဂ္ဂနီစီယမ် (Magnesium)၊ ဇင့် (Zinc) ကဲ့သို့သော သတ္တုဓာတ်ပါဝင်တာကြောင့်လည်း 

ကျန်းမာရေးရော အလှအပအတွက်ပါ များစွာအထောက်အကူပြုပါတယ်။

၁။ ဆံကေသာအတွက် နေကြာစေ့

နေကြာစေ့မှာ ဆံသားအတွက်လိုအပ်တဲ့ 

ဗီတာမင်နှင့် သတ္တုဓာတ်အပြင် ပရိုတင်းဓာတ်လည်း

ပါဝင်ပါတယ်။ ယင်းပရိုတင်းဓာတ်ဟာ ဆံသားနှစ်

ခွဖြစ်ခြင်းကို တားဆီးပေးတဲ့အပြင် နက်မှောင်

တောက်ပြောင်ရှည်လျားတဲ့ ဆံသားကိုရရှိစေပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေ ကိုယ်ဝန်ဆောင်ကာလမှာ အသားအရေနှင့် ဆံသားကို ဂရုစိုက်သည့်အနေနဲ့ 

နေကြာစေ့ကို စားသုံးပေးသင့်ပါတယ်။

၂။နေကြာစေ့နဲ့ ဝိတ်လျှော့မယ်

ကိုယ်အလေးချိန်လျှော့ချဖို့ Diet လုပ်ကြတဲ့သူတွေ အတွက်တော့ နေကြာစေ့ဟာ အကောင်းဆုံး အဆာပြေစာ ဖြစ်ပါတယ်။

နေကြာစေ့မှာ အာဟာရဓာတ်များစွာကြွယ်ဝတဲ့အတွက် အစာရှောင်စားတဲ့အခါ အာဟာရဓာတ်ချို့တဲ့မှာ မပူရပါဘူး။

၃။နှလုံးနှင့် သွေးကြောကို ကျန်းမာစေတယ်

နေကြာစေ့ထဲမှာ သွေးထဲက မကောင်းတဲ့ ကိုလက်စထရောကို လျော့နည်းစေတဲ့ အဆီအက်စစ် 

(Fatty Acid) ပါဝင်ပါတယ်။

ဒါ့ကြောင့် ကိုလက်စထရောပါဝင်မှုနှုန်း များပြားသူတွေရဲ့ နေ့စဉ်အစာစားမှုစနစ်မှာ နေကြာစေ့ ပါဝင်သင့်ပါတယ်။

၄။ဆီးချိုရောဂါ နှင့် နေကြာစေ့

ဆီးချိုရောဂါ ရှိသူတွေဟာ နေ့စဉ်နေကြာစေ့ကို 

စိုးရိမ်စရာမလိုပဲ စားသုံးလို့ရပါတယ်။

ဆရာဝန်တွေရဲ့ ပြောကြားချက်အရ နေ့ကြာစေ့ဟာ သွေးချိုနှုန်းကို 

ပုံမှန်ထိန်းပေးတယ်လို့ သိရပါတယ်။

၅။ အသားအရေအတွက်လည်း အကျိုးပြုတယ်

နေကြာစေ့ ထဲမှာ ဗီတာမင်နဲ့ သတ္တုဓာတ်ပါဝင်တာကြောင့် အသားအရေကို ပိုမို ကောင်းမွန်လာစေပါတယ်။

ဒါ့အပြင် အသားအရေပေါ်မှာရှိတဲ့ ဆဲလ်အသေတွေကို ဖယ်ရှားပေးကာ မျက်နှာပေါ်ရှိ သဘာဝအဆီဓာတ်ကို ထိန်းပေးထားနိုင်တဲ့ အတွက်ကြောင့်

လည်း နေကြာစေ့ကို စား၍သာမကပဲ ကြိတ်ပြီး Face Mask အနေ့နဲ့ပါ အသုံးပြုလို့ရပါတယ်။

နေကြာစေ့ဟာ ကျန်းမာရေး ကို အဖက်ဖက်က ကူညီစေပေမယ့် သဘာဝ နေကြာစေ့လှော်ကို ရွေးချယ်စားသုံးခြင်းသာအကောင်းဆုံးပါ။

အရသာခပ်ထားတဲ့ နေကြာစေ့ အထုပ်တွေဟာ သဘာဝလောက်အကျိုးမပြုတာကိုတော့ သတိပြုစေချင်ပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။