( ၁၂ ) ပတ်အတွင်း ပေါင် ( ၄၀ ) ကျော် ကျအောင် ဘယ်လိုလုပ်ယူကြမလဲ

အမေရိကန်နိုင်ငံ၊ အုတ်ကလာဟိုးမား ပြည်နယ်က ဟန်တာဘော့ဂ် လို့အမည်ရတဲ့အမျိုးသားတစ်ဦးဟာ ( ၁၂ ) ပတ်အတွင်း ခန္ဓာကိုယ်အဆင့်ဆင့်ပြောင်းလဲမှုကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကို မျှဝေခဲ့ပြီး ( ၄၂ ) ပေါင် ကျအောင်လုပ်တဲ့နည်းလမ်းကို ပြောပြခဲ့ပါတယ်။

ဘယ်လိုလုပ်လဲ

ပထမ ( ၃ ) လအတွင်းမှာ ဘော့ဂ် က ဝိတ်မတာတွေ၊ ဝမ်းဗိုက်ကြွက်သားလေ့ကျင့်ခန်းတွေပုံမှန်လုပ်ပြီး နဂို ( ၂၀၂ ) ပေါင်ကနေ ( ၁၆၀ ) အထိကျသွားခဲ့တယ်။ ရက်တွေကြာလာတဲ့အခါ သူ့ရဲ့ဝမ်းဗိုက်က ပိုပိုချပ်လာပြီး ( ၉၁ ) ရက်ကြာပြီးနောက်မှာတော့ ဝမ်းဗိုက်ကြွက်သားတွေပါ ပေါ်လာခဲ့ပါတယ်။

ပြုလုပ်ခဲ့တဲ့လေ့ကျင့်ခန်းတွေကတော့ တစ်ပတ်မှာ ( ၆ ) ရက် Gym ကစားခဲ့ပြီး အလေးမတာကို ဦးစားပေးပြုလုပ်ပါတယ်။ ရက်တွေကြာလာတာနဲ့အမျှ ပိုလေးတဲ့အလေးတုံးတွေကို ပြောင်းမ ခဲ့ပြီး သုံးလပြည့်ခါနီးမှာတော့ ပေါ့တဲ့အလေးတုံးတွေကို ပြောင်းလိုက်ပါတယ်။ အဓိကကတော့ အမြန်နှုန်းကိုတိုးလိုက်တာပါ။ သူ့ရဲ့ အလုပ်က ရုံးအလုပ်ဖြစ်တဲ့အတွက် ထိုင်နေရတာများတာကြောင့် တစ်ရက်ကို ဝမ်းဗိုက်လေ့ကျင့်ခန်း မိနစ် ( ၂၀ ) ကနေ ( ၃၀ ) အထိ ပုံမှန်ပြုလုပ်ပါတယ်။

ခန္ဓာကိုယ်ကို ပြုပြင်ပြောင်းလဲရတာလွယ်ကူတဲ့ကိစ္စမဟုတ်သလို၊ အစားအသောက်ပြောင်းလဲရတာလည်း မလွယ်ကူပါဘူး။ သူဟာ ကြက်သား၊ ကန်စွန်းဥ၊ အုတ်ဂျုံ၊ အသီးအရွက်အစေ့အဆံ နဲ့ ပရိုတင်းဓာတ်တွေပါတဲ့ ဖျော်ရည်တွေကိုပဲ သောက်သုံးခဲ့ရပါတယ်။ ရေကိုတစ်ရက် တစ်ဂါလံ နီးနီးသောက်ပြီး ဆော်ဒါ နဲ့ သကြားဓာတ်ပါတဲ့ အချိုရည်တွေ၊ အရက် နဲ့ ဆေးလိပ်တွေရှောင်ခဲ့ပါတယ်။ အစပိုင်းမှာတော့ ပင်ပန်းပြီး အရမ်းဗိုက်ဆာပေမယ့် နောက်ပိုင်း ခန္ဓာကိုယ်ပြောင်းလဲလာတဲ့အခါ နေသားကျသွားခဲ့ပါတယ်။

အခုတော့ ( ၉၁ ) ရက်ပြည့်သွားပြီဖြစ်သလို သူ့ရဲ့ ခန္ဓာကိုယ်လည်း အပြောင်းလဲကြီးပြောင်းလဲသွားခဲ့ပါပြီ။ ဒါပေမယ့် သူဟာ သူ့ရဲ့ခန္ဓာကိုယ်ပြောင်းလဲမှုကို ဆက်လက်ထိန်းသိမ်းထားမှာဖြစ်ပြီး Gym ကို ပုံမှန်သွားနေကျ တစ်ပတ် ( ၅ ) ကြိမ်ကနေ ( ၆ ) ကြိမ်သွားသလို သင့်တင့်မျှတအောင် စားသောက်မှာဖြစ်တယ်လို့ ပြောပါတယ်။

သူရဲ့ Body Transformation မှာ မဆော့ခင်ကတည်းက ရိုက်ထားတဲ့ ဓာတ်ပုံတွေကို ( ၅၅ ) မိနစ်စာ ဗီဒီယိုလေးပြုလုပ်ပြီး ဝေမျှခဲ့တာဖြစ်ပါတယ်။

Gabriel
Ref : Shwemom











we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။