ဂျပန်နိုင်ငံနဲ့နိုင်ငံတကာမှာပါ အောင်မြင်နေတဲ့ ဂျပန် - မြန်မာ ကပြားကောင်မလေး အာဆူကာဆိုင်တို

နိုင်ငံရပ်ခြားမှာ နေပြီး ( အထူးသဖြင့် ဂျပန်မှာ ) အောင်မြင်နေတဲ့ မြန်မာနိုင်ငံဖွား ဂျပန်လူမျိုးလေးတွေရှိပါတယ်။ ဥပမာပြောရရင် အဝင်း လိုမျိုးပေါ့။ ဒါပေမယ့် အဝင်း လိုပဲ ဂျပန်မှာရော၊ နိုင်ငံတကာမှာပါအောင်မြင်နေတဲ့ ဂျပန် Idol ကောင်မလေးတစ်ယောက်ရှိပါတယ်။

သူ့နာမည်ကတော့ အာဆူကာ ဆိုင်တို ( Asuka Saito ) လို့ခေါ်ပါတယ်။ ဂျပန် - မြန်မာသွေးနှောလေးဖြစ်ပြီး ချစ်စရာကောင်းတဲ့ Baby Face လေးတစ်ခုကို ပိုင်ဆိုင်ထားသူလည်းဖြစ်ပါသေးတယ်။ ဂျပန်နိုင်ငံက နာမည်ကြီး Girl Band ဖြစ်တဲ့ Nogizaka46 ကအဖွဲ့ဝင်ဖြစ်ပြီး ၁၉၉၈၊ သြဂုတ်လ ၁၀ ရက်နေ့မှာ မြန်မာလူမျိုးမိခင် နဲ့ ဂျပန်လူမျိုး ဖခင်တို့က မွေးဖွားခဲ့တာဖြစ်ပါတယ်။

You are the Apple of My Eye( 2018 )  နဲ့ Sakuran ( 2007 ) စတဲ့ ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ဖူးပြီး TV စီးရီးစ်အနေနဲ့ Shoujo no Miru Yume ( 2016 ) မှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။
နောက်ပြီး Mouse ဆိုတဲ့ အီလက်ထရွန်းနစ်ပစ္စည်းကြော်ငြာတစ်ခုမှာလည်း သူတို့တစ်ဖွဲ့လုံးပါဝင်သရုပ်ဆောင်ထားရာမှာ ချစ်ဖို့ကောင်းတဲ့ အာဆူကာ ရဲ့ မျက်နှာလေးနဲ့ အကလေးတွေကိုလည်း မြင်တွေ့နိုင်မှာဖြစ်ပါတယ်။

သူမကိုယ်တိုင် သီဆိုထားတဲ့ တကယ်လို့ ( If – Japanese Nishino Kana ) ဆိုတဲ့ သီချင်းလေးကလည်း လူငယ်တွေကြားထဲမှာ ရေပန်းစားခဲ့ပါသေးတယ်။ နောက်ထပ်သူမကို လူသိများတဲ့အချက်လေးကတော့ သေးငယ်တဲ့ခန္ဓာကိုယ်လေးနဲ့ သေးငယ်တဲ့ခေါင်းလေးရှိတာကြောင့်ပါ။ အဲ့ဒီအချက်ကြောင့်ပဲ တခြား Idol တွေ နဲ့ Cele တွေက သူမနဲ့ဆို တူတူယှဉ်ပြီးဓာတ်ပုံမရိုက်ချင်ကြပါဘူး။ အကြောင်းကတော့ သူမနဲ့ယှဉ်ရင် တခြားသူတွေက အသက်ကြီးနေတဲ့ပုံပေါက်လို့ပါတဲ့။

အဝင်းလိုမျိုးပဲ ချစ်စရာကောင်းတဲ့ အာဆူကာ လေးမြန်မာနိုင်ငံကို ဘယ်အချိန်လာပြီး အနုပညာလုပ်ငန်းတွေလုပ်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

Gabriel
Source : Wikipedia, Heisei Hana Tokusatsu and Anime Myanmar Sub Channel












we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။