အန်တီကစ် ကိုလာကူညီသလိုလို နဲ့ ငွေတွေလိမ်ပြီးထွက်ပြေးမှုတွေရှိနေတယ်လို့ပြောတဲ့ ခင်သဇင်

ဟာသသရုပ်ဆောင် အန်တီကစ် ဟာ လတ်တလော ကျန်းမာရေးမကောင်းတဲ့အတွက် ဆေးရုံတင်ထားရပါတယ်။ အန်တီကစ်ဟာ ဆေးရုံမှာ တစ်ဦးတည်းဖြစ်နေသလို သမီးဖြစ်သူကလည်း ကျောင်းကိစ္စ နဲ့ ဆေးရုံကိုမလာပါဘူးတဲ့။ ဆေးရုံကိုမလာစေချင်တဲ့အကြောင်းကလည်း အန်တီကစ် ရဲ့ ဆန္ဒကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။

အခုဆိုနေ့တိုင်းနီးနီးကို အမောဖောက်နေတဲ့အတွက် ဆေးရုံမှာ ကူညီပေးဖို့ စေတနာ့ဝန်ထမ်း Volunteer တွေ နဲ့ အလှုငွေတွေလည်း လိုအပ်နေတယ်လို့ မော်ဒယ်လ် ခင်သဇင် ကဆိုပါတယ်။

" မကစ် နေ့တိုင်းနီးပါးလို အမောဖောက်နေပါတယ် သူ့ကို လုပ်ကိုင်ပေးမယ့်သူဘယ်သူမှ မရှိပါဘူး ဘေးခုတင်က သူတွေကို တစ်ရက်စာ လုပ်အားခပေးပြီး အကူအညီတောင်းနေရပါတယ်
သမီးဆိုသူကလည်း ကျောင်းတဖက်နဲ့ လာလုပ်မပေးနိုင်ပါ အခုတော့လစာပေးပြီး တစ်ယောက်ခန့်ထားရပါတယ် ဒါပေမယ့် အနည်းဆုံးတော့ Volunteer လာကူလုပ်ပေးတဲ့ သူတွေ လိုအပ်နေပါတယ်
အလှူငွေတွေကလည်း ဒီ၃ လနောက်ပိုင်းကျရင် မလောက်နိုင်တော့ပါ ဆေးရုံတက်တာ ၂ ပတ်ကျော်မှာ ၁၅ သိန်းကျော်ကုန်ကျနေပါပြီ “ ဆိုပြီး မော်ဒယ်လ် ခင်သဇင် က သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာရေးသားခဲ့ပါတယ်။

“ လာကူလုပ်သလိုနဲ့ အရေးထဲ အိမ်နီးချင်း ဇင်မာဆိုသူကလည်း ပိုက်ဆံ လေးသိန်း ယူပြီး ထွက်ပြေးတိမ်းရှောင်နေပါတယ်” ဆိုပြီး သူများအခက်အခဲဖြစ်နေချိန်မှာ လာကူညီသလိုနဲ့ အလှုငွေတွေ လိမ်သွားတဲ့သူအကြောင်းကိုလည်း ပြောပြထားပါသေးတယ်။

“ မကစ် အတွက် လာကူသူတွေ လာလှူသူတွေ အမြောက်အမြားလိုအပ်လျှက်ရှိပါတယ် တကယ်ကို တကောင်ကြွက်လို့တောင် အခေါ်ထိုက်တဲ့ အမျိး သမီးပါ သားသမီးကံမကောင်းသလို ဆွေမျိုးမောင်နှမကံလည်းလုံးဝ မကောင်းရှာတာာပါ လှူဒါန်းသူတွေလည်း အင်မတန်ကုသိုလ်ရပါတယ်နော် နေ့တိုင်းဒီအလှူငွေလေးတွေနဲ့ ဆေးထိုး ဆေးသွင်း ဆေးစား ကျောက်ကပ်ဆေးနေရတာပါနော် ဒီငွေလေးတွေနဲ့ သူ့ခမျာအသက်ဆက်နေရတာပါလှူဒါန်းသူများအားလုံးကိုလည်း သာဓု အကြိမ်ကြိမ်ခေါ်ပါရစေရှင် အောင်မြင်ကြီးပွားတိုးတက်ကြပါစေကူညီပြီး share ပေးကြပါဦးရှင်
ပရိသတ်တွေကို အမြဲပျော်ရွှင်စေခဲ့တဲ့ဟာသသရုပ်ဆောင် ကစ်ကစ်ကိုလှူဒါန်းချင်ရင်တော့ အထက်မှာပါရှိတဲ့ အကောင့်နံပါတ်လေးထဲ လှူဒါန်းလို့ရပါတယ်နော်။” ဆိုပြီး ခင်သဇင်က ရေးသားခဲ့ပါတယ်။

WE ပရိသတ်ကြီးထဲက အန်တီကစ်အတွက် လှုဒါန်းချင်တဲ့သူတွေလည်း မော်ဒယ်လ် ခင်သဇင် ကို လူမှုကွန်ယက်ကနေတစ်ဆင့်ဆက်သွယ်ပြီး လှုဒါန်းနိုင်ပါတယ်။

Gabriel



we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။