Met Gala ပွဲမှာတုန်းက Selena Gomez က The Weeknd ကိုတိုးတိုးလေးဘာပြောလိုက်တာလဲ

     မေလတုန်းက ကျင်းပပြုလုပ်ခဲ့တဲ့ Met Gala ပွဲကို Selena Gomez နဲ့ The Weeknd တို့စုံတွဲအတူတူတက်ရောက်လာကြပါတယ်…။
ဒီ Met Gala ပွဲကို ကြီးကျယ်ခမ်းနားစွာကျင်းပခဲ့ပါတယ် ။ဒီပွဲမှာ ချစ်စရာကောင်းတဲ့ဒီစုံတွဲက တစ်ယောက်ကိုတစ်ယောက် နမ်းလိုက်၊ ဖက်လိုက်လုပ်နေကြပါတယ်။ ဒီလိုအချိန်မှာ Selena Gomez တစ်ယောက် The Weeknd ကို တိုးတိုးလေးစကားကပ်ပြောလိုက်ပါတယ်…။
အဲဒါကတော့ “I Love You” ဆိုပြီးပြောလိုက်တာပါ…

     သူမဒီလိုပြောလိုက်တဲ့အချိန်မှာ ဘေးကနေ The Weeknd ရဲ့ရည်းစားဟောင်းဖြစ်သူ Selena Gomez ရဲ့သူငယ်ချင်းဖြစ်ခဲ့သူ Bella Hadid ရဲ့အမေဖြစ်သူ Yolanda Hadid ကသူတို့နှစ်ဦးအနီးနားကနေ ဖြတ်လျောက်သွားတဲ့အချိန်ပဲဖြစ်ပါတယ်…။
Bella Hadid နဲ့ The Weeknd တို့နှစ်ဦးဟာ တစ်နှစ်ကျော်လောက်ထိအောင် ကြာရှည်စွာလက်တွဲခဲ့ကြသူတွေဖြစ်ပါတယ်…။
အဲဒီပွဲကို Bella Hadid ကသူတို့နှစ်ဦးလုံးကို ဂရုမစိုက်တဲ့ပုံမျိုးနဲ့တက်ရောက်ခဲ့ပါတယ်…။