မုံရွာက ကျောင်းအုပ်ဆရာမကြီးထံမှ စိတ်ကြွဆေးပြားထောင်ချီနဲ့အတူ လက်ဝယ်ဖမ်းဆီးရမိ

ယနေ့ နိုဝင်ဘာ (၂၇)ရက်နေ့ မနက်ပိုင်းက မုံရွာမြို့နယ်၊ နယ်မြေ(၁)အတွင်းရှိ လ္ဘက်ရည်ဆိုင်တစ်ခုမှာ မူလတန်းလွန် ကျောင်းအုပ်ဆရာမကြီးတစ်ဦးကို မူးယစ်စိတ်ကြွဆေးပြား(၅ )ထောင်ကျော်နဲ့အတူ လက်ဝယ်ဖမ်းဆီးရမိလိုက်တယ်လို့ မုံရွာ ရဲတပ်ဖွဲ့ထံကနေ အတည်ပြုလိုက်ကြောင်း သိရပါတယ်။

မူးယစ်သတင်းရရှိမှုအရ ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ရာမှာ အဆိုပါ ကျောင်းအုပ်ဆရာမနဲ့အတူ အမျိုးသမီးတစ်ဦးကို ခုလိုဖမ်းဆီးရမိခဲ့တာဖြစ်ပြီး  အဆိုပါကျောင်းအုပ်ဆရာမကြီးဟာ မုံရွာခရိုင် ချောင်းဦးမြို့နယ်အတွင်းက မူလတန်းလွန်ကျောင်းတစ်ခုရဲ့ ကျောင်းအုပ်ဆရာမဖြစ်တယ်လို့လည်း မုံရွာမြို့နယ်ရဲစခန်းက ပြောပါတယ်။

“ ဆေးပြား များတယ်။ စုစုပေါင်း(၂၇)ထုပ်။ လောလောဆယ် တရားခံတွေသွားဖမ်းနေတုန်းမို့လို့ အသေးစိတ်ကိုတော့ပြောလို့မရသေးဘူး။ တန်ဖိုး သိန်း(၂၀၀)ကျော်ရှိတယ် ” လို့ ရဲစခန်းရဲ့ တာဝန်ကျတာဝန်မှူးက ပြောပါတယ်။

အဆိုပါ ကျောင်းအုပ်ဆရာမနဲ့အတူ ဖမ်းဆီးမိသူကတော့ တန့်ယန်းမြို့နယ်နေ အမျိုးသမီးတစ်ဦးကြောင်းကိုလည်း စုံစမ်းသိရှိရပါတယ်။ ဆေးပြားတစ်ထုပ်မှာ (၁၉၈)ပြားပါဝင်ပြီး စုစုပေါင်းဆေးပြား (၅,၃၄၆) ပြားရှိတယ်လို့ သိရပါတယ်။

Crd;

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။