အစားတစ်လိုင်းတို့ရဲ့ ဖုန်းထဲမှာ မရှိမဖြစ် Download ဆွဲထားသင့်တဲ့ app - 8 ခု

Doemal  

စားသောက်ဆိုင်တွေရဲ့ ဈေးနှုန်း၊ရရှိနိုင်တဲ့ အစားအစာတွေ၊ ဆိုင်ဖွင့်ချိန်၊ သုံးသပ်ချက်တွေသာမက

Location ကိုလိုက်ပြီးတော့လည်း နီးစပ်ရာဆိုင်တွေကို ရှာပေးနိုင်တဲ့ app တစ်ခုပါ။

ဘာစားရမလဲ စဉ်းစားရကြပ်နေချိန်ဆိုရင်တော့ Doemal လေးသာ ဖွင့်ကြည့်လိုက်နော်။

TripAdvisor

ဒါကတော့ အစားအသောက်တင်မကဘဲ Hotel Booking တွေ နဲ့ လေယာဉ်လက်မှတ်စုံစမ်းဝယ်ယူတာတွေအထိပါ

သုံးလို့ရပါတယ်။

အစားအသောက်နဲ့ပတ်သက်ရင် တစ်နိုင်ငံလုံးကနေ တစ်ကမ္ဘာလုံးအထိ ဒေသအလိုက် အကောင်းဆုံးဆိုတဲ့ ဆိုင်တွေကို Review တွေနဲ့တကွ ရှာလို့ရပါတယ်။

ခရီးသွားချိန်ဆို တကယ်အကူအညီပေးနိုင်တဲ့ သူငယ်ချင်းကောင်းတစ်ယောက်လို သင့်ကို အထောက်အကူ ပြုပါလိမ့်မယ်။

တစ်ကမ္ဘာလုံးက သုံးကြတဲ့ app ဖြစ်တာကြောင့် ထည့်သွင်းဖော်ပြလိုက်ပါတယ်။

yathar

လူသိနည်းသေးတဲ့ app အသစ် တစ်ခုဆိုပေမယ့် သူ့ရဲ့ UI နဲ့ Design ကတော်တော်လေး သုံးရအဆင်ပြေလို့ ထည့်သွင်းဖော်ပြပေးလိုက်ပါတယ်။

ဆိုင်တွေကို Asian, Chinese, Europian, Indian စသဖြင့် Category အလိုက် ရှာလို့ရသလို

တချို့ဆိုင်တွေဆိုရင် app ထဲကနေတိုက်ရိုက် booking တင်လို့ရပါသေးတယ်။

eatinMyanmar

စားသောက်ဆိုင်တွေကို

မြို့နယ်အလိုက်ရော Food Category အလိုက်ရော ရှာလို့ရရုံတင်မကဘဲ

eiM ရဲ့ Recommendation လေးတွေပါ ပါတော့ စဉ်းစားရပိုလွယ်စေပါတယ်။

app ကနေ တစ်ဆင့် Booking လည်း လုပ်လို့ရတယ်။

နောက်ပြီး အစားအသောက်နဲ့ ပတ်သက်တဲ့ knowledge articles လေးတွေပါ တင်ပေးထားတော့

အစားတစ်လိုင်းတို့ သဘောကျမှာ အသေအချာပါပဲ။

B&FWeeklyPromotion

App နာမည်ကိုက Weekly Promotion ဆိုတဲ့အတိုင်း သတ်မှတ်ထားတဲ့ဆိုင်တချို့ရဲ့ promotion လေးတွေက တကယ်ကို စိတ်ဝင်စားစရာပါပဲ။

ဒီ app ရဲ့ အဓိကထူးခြားချက်အနေနဲ့ သူတို့ သတ်မှတ်ထားတဲ့ ဆိုင်တွေမှာ

ကိုယ်သုံးသလောက် amount ပေါ်လိုက်ပြီး

ကတ်လေးတွေမှာ တုံးထုပေးတဲ့သဘောလိုမျိုး

QR scan ဖတ်တဲ့စနစ်ကို သုံးပြီးတော့ Rewards လေးတွေ ပြန်ရနိုင်ပါသေးတယ်။

အသေးစိတ် စိစစ်တွက်ချက်တတ်တဲ့ အစားတစ်လိုင်းတို့ အသေအချာ Download ဆွဲထားသင့်ပါတယ်။

YangonDoor2Door

ဒါကတော့ Food Delivery service တစ်ခုပါ။

App ထဲက ကိုယ်စားချင်တာလေးရွေးပြီး မှာလိုက်ရုံနဲ့ အိမ်ရှေ့တံခါးဝထိ အရောက်လာပို့ပေးမှာဖြစ်လို့

အိမ်ကပဲဖြစ်ဖြစ် ရုံးကပဲဖြစ်ဖြစ် အလွယ်တကူ မှာစားချင်တာမျိုးဆိုရင်တော့ တော်တော်လေး အဆင်ပြေပါတယ်။

Delivery charges အနေနဲ့ အနီးအဝေး ပေါ်လိုက်ပြီး ဈေးအနည်းအများရှိမှာဖြစ်ပြီး ရုံးတွေဘာတွေမှာဆိုရင် ၂ ယောက် ၃ ယောက် တစ်ဆိုင်တည်းက စုမှာ တာမျိုးဆိုရင် delivery charges က တော်တော်လေး သက်သာပါတယ်။

အချိန်အနေနဲ့ ၄၅မိနစ်ကနေ ၁နာရီလောက် ကြိုမှာဖို့ လိုပါလိမ့်မယ်။

Food Delivery app တွေထဲမှာတော့ အဆင်အပြေဆုံးလို့ သတ်မှတ်ချင်ပါတယ်။

Food2U

ဒါလည်း အိမ်တိုင်ရာအရောက် ပို့ဆောင်ပေးမယ့် Food Delivery app တစ်ခုပါပဲ။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ တောင်ကြီးမြို့တွေမှာပါ သုံးလို့ရပါတယ်။

အားနည်းချက်အနေနဲ့ကတော့ ios app မရှိပါဘူး။

Deliverink

ဒီ service ကတော့ ရန်ကုန်မှာပဲ ရနိုင်ပါသေးတယ်။

Delivery Charges အနေနဲ့ တခြား app နှစ်ခုထက်တောင် အနည်းငယ်သက်သာတယ်လို့ ယူဆပါတယ်။

လိုအပ်ချက်အနေနဲ့ကတော့ IOS သမားတွေ သုံးလို့မရနိုင်သေးပါဘူး။

Delivery Service တွေက

App တစ်ခုနဲ့ တစ်ခု ရနိုင်တဲ့ ဆိုင်တွေရယ်

Delivery charges တွေရယ်က ကွာခြားမှု အနည်းငယ်ရှိနိုင်တာကြောင့်

၃ခုလုံး down ထားပြီး ကိုယ့်အတွက် အဆင်အပြေဆုံးကို ရွေးမှာရင်တော့ အကောင်းဆုံးပေါ့နော်။

အကယ်၍ သင်ဟာ အစားတစ်လိုင်း စစ်စစ်တစ်ယောက်ဆိုရင်တော့ ဒီ App 8 ခုက

သင့်ဖုန်းထဲမှာ ရှိကို ရှိနေသင့်ပါတယ်။

ကဲ. . . မရှိသေးဘူးဆိုရင်လည်း Google Play Store နဲ့ App Store မှာ

အမြန်ဆုံး ရှာဖွေပြီး download လုပ်လိုက်ကြပါဦးနော်. . .။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။