မိန်းမဖြစ်သူ အဖော်အချွတ်မယ်လုပ်လို့ ခေါင်းဖြတ်သတ်လိုက်တဲ့ အမျိုးသား

အိန္ဒိယနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဒီခေါင်းဖြတ်သတ်မှုကြောင့် နိုင်ငံပိုင်သတင်းမီဒီယာများနဲ့ ပြည်ပနိုင်ငံသတင်းမီဒီယာများအထိပါမကျန် ပျံ့နှံ့သွားခဲ့ပြီး လူအတော်များများ အံသြမှင်သက်မိခဲ့ကြရပါတယ်။ 

ဖြစ်စဉ်မှာ အသက်(၅၃)နှစ်အရွယ် Ramchandra Sheu Chavan လို့ခေါ်တဲ့ အမျိုးသားဟာ သူ့ရဲ့မိန်းမဖြစ်သူက အဖော်ချွတ်မယ်လုပ်နေတာကို သိသိပြီးနောက်မှာ ဒေါသကို မထိန်းနိုင်ဘဲ လည်ပင်းကို ပုဆိန်နဲ့ ပေါက်သတ်ပြီး ဦးခေါင်းကို ဖြတ်ပစ်ခဲ့ပါတယ်။ အဲ့ဒီအမျိုးသားဟာ မိန်းမဖြစ်သူရဲ့ ဦးခေါင်းကိုဖြတ်ပြီးနောက်မှာ ရဲဝန့်စွာဘဲ ရဲစခန်းကိုတည့်တည့်မတ်မတ် သွားရောက် အဖမ်းခံခဲ့ပါတယ်။ 

အဆိုပါအမျိုးသားရဲ့ မိန်းမဖြစ်သူဟာ အသက်(၄၅)နှစ်အရွယ် Sonabai Ramchandra Chavan ဟာ Club တစ်ခုမှာ အဖော်ချွတ်မယ်လုပ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စကားများရန်ဖြစ်ရာမှ စိတ်မထိန်းနိုင်တော့ဘဲ အခုလို သတ်ဖြစ်ခဲ့တာဖြစ်ကြောင်း သူက ပြောပါတယ်။

Ramchandra ဟာ မိန်းမဖြစ်သူရဲ့ ဦးခေါင်းပြတ်ကြီးကို ကိုင်ပြီး တစ်လမ်းလုံး ဒီတိုင်းလမ်းလျှောက်သွားခဲ့ပါတယ်။ လမ်းလျှောက်သွားရာ လမ်းတလျှောက်မှာ ပတ်ဝန်းကျင်မှ လူတွေက ဒီမြင်ကွင်းကိုကြည့်ပြီး တုန်လှုပ်ခဲ့လိုက်ရပါတယ်။

စစ်ဆေးချက်တွေအရ အဆိုပါ အမျိုးသားဟာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေတဲ့ လူမျိုးမဟုတ်ဘဲ ဒေါသကို မထိန်းနိုင်လို့သာ အခုလို ဖြစ်ပျက်ခဲ့တာလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။