
ဝေဖန် တိုက်ခိုက်သူများကြောင့် YG Entainment က အပြည်အဝကာကွယ်ပေးနေရတဲ့ Jennie
BLACK PINK အဖွဲဝင်တွေထဲကမှ များစွာသော ပရိသတ်တွေရဲ့ အချစ်မေတ္တာကို ရရှိနေသလို တပြိုင်နက် မုန်းတီးသူတွေကလဲ ဝေဖန် တိုက်ခိုက်မူတွေနဲ့ အမြဲတမ်းလိုလို Jennie တစ်ယောက် ကြုံတွေနေရတာပါ ။
ဒီတခေါက်မှာလဲ jennie ရဲ့ တစ်နှစ်နဲ့ တစ်နှစ် မှာ ကွာခြားသွားတဲ့ ဖျော်ဖြေမူ နဲ့ ပတ်သက်ပြီး “ Lazy Jennie” ဆိုတဲ့ video ကို anti – Jennie fan တွေကတင်ခဲ့ပြီး ကြည်ရှူသူတွေ ဝေဖန်သူတွေ များအောင် ဂယက်ထခဲ့ကြတယ်။
ဒီ Video က နာရီပိုင်းလေးမှာတင် ကြည်ရှူသူ နှစ်သန်းနီးပါး ရှိခဲ့သလို BLACK PINK ရဲ့ Agency “ YG Entertainment” ကပါ ဒီ အဖြစ်အပျက်ကြီးကို သိခဲ့တာဘဲ ဖြစ်တယ်။
ဒီလိုမျိုးထိ ကမ္ဘာက သိအောင်ရော ပြစ်တင်ဝေဖန်သူတွေ များအောင်ပါ Hater တွေက လုပ်ခဲ့တဲ့ အတွက် YG Entainment က Video ကို Block ပစ်ခဲ့ပါတယ်။
Jennie က အရင်ကထက် ကတာ မလှတောသလို ကြည်ရတာ အဆင်မပြေဖူး စတိတ်ပေါ်မှာလဲ လေးပင်နေတယ် စတဲ့ Comment တွေကိုလဲ jennie ရဲ့ ကိုယ်ပိုင် IG အကောင့်မှာ ပေးထားတာမို့ အေဂျင်စီကလဲ ခုလိုထိ blocked ခဲ့ရတာပါ။
ဘယ်လိုဘဲ ဖြစ်ဖြစ် Jennie ဟာ အခက်ခဲတွေကို နည်းနည်းလေးမှ မကြောက်ခဲ့ပါဖူး သူမှာ ချစ်ရတဲ့ အဖွဲ့ဝင် ညီအမ တွေ ပြီးတော့ ချစ်ရတဲ့ BLINKS တွေနဲ့ YG Family က အပြတ်သတ် ရှိနေတာဘဲနော့်
Stay strong Jennie
we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။