အချိန်တိုအတွင်း မိဘကို အိမ်ဝယ်ပေးလိုက်နိုင်တဲ့ ထိုင်းနိုင်ငံက ကလေးလေး

ထိုင်းနိုင်ငံက အသက် ၁၂ နှစ်အရွယ် နက်စ် ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ သူ့ရဲ့သူများနဲ့မတူထူးခြားတဲ့မိတ်ကပ်အပြင်အဆင်တွေ၊ ဖက်ရှင်ဒီဇိုင်းတွေကြောင့် အင်တာနက်ပေါ်မှာ ကျော်ကြားလာပြီး နောက်ဆုံး မိဘတွေကို အိမ်ကြီးအိမ်ကောင်းတစ်လုံးပါ ဝယ်ပေးနိုင်ခဲ့ပါတယ်။

နက်စ် ဟာ လောလောဆယ် မူလတန်းလွန်အရွယ်လေးပဲရှိပါသေးတယ်။ တကယ်တော့ နက်စ် ဟာ ယောကျာ်းစိတ်ထက်စာရင် မိန်းကလေးစိတ်ပိုများနေတဲ့ ကောင်လေးတစ်ယောက်ပါ။ သူဟာ ငယ်ငယ်လေးကတည်းက မိခင်ဖြစ်သူရဲ့ မိတ်ကပ်ပစ္စည်းတွေ၊ အလှပြင်ပစ္စည်းတွေအပေါ်စိတ်ဝင်စားခဲ့ပြီး အဲဒီအရာတွေနဲ့လည်းအတော်လေး အကျွမ်းတဝင်ရှိခဲ့ပါတယ်။

မိဘကလည်း သူ့ရဲ့ဝါသနာနဲ့ဗီဇအပေါ် တားမြစ်ခြင်းမရှိပဲ အားပေးခဲ့တာကြောင့် နောက်ဆုံးမှာတော့ နက်စ် ဟာ Makeup tutorial တွေ အွန်လိုင်းပေါ် ဝေမျှတာ၊ ဖက်ရှင်ပြိုင်ပွဲတွေမှာ ဝင်ရောက်ပြိုင်ဆိုင်တာမျိုးတွေပြုလုပ်ခဲ့ပြီး အခုအချိန်မှာတော့ နာမည်ကြီး မော်ဒယ်လ်တွေနည်းတူ runway ပေါ် လျှောက်လှမ်းခွင့်ရတဲ့ အသက်အငယ်ဆုံးမော်ဒယ်လ်လေးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။

Celebrity, Public Figure, Icon ဆိုတဲ့ ဂုဏ်ပုဒ်တွေနဲ့အညီပဲ သူ့ရဲ့ ဓာတ်ပုံတွေ၊ ဗွီဒီယိုဖိုင်တွေ အပြင်တစ်ခါတစ်လေ motivational status လေးတွေကိုလည်း ဝေမျှတတ်ပါသေးတယ်။ သူ့ရဲ့ Instagram အကောင့်မှာအခုဆို follower ပေါင်း သုံးသိန်းနီးနီးရှိနေပါပြီ။

သူ့ရဲ့နာမည်နဲ့ NES ဆိုတဲ့ အလှကုန်တွေထုတ်လုပ်ခဲ့ပြီး အသက်ငယ်ငယ်နဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်လည်းဖြစ်နေပါပြီ။ ထိုင်းနိုင်ငံ ဘန်ကောက်မှာ ခမ်းနားတဲ့ကိုယ်ပိုင်အိမ်တစ်လုံးရှိသလို၊ နရာသီဝပ် ဒေသမှာလည်း အပန်းဖြေအိမ်တစ်လုံးဝယ်ယူထားပါသေးတယ်။

ထိုင်းနိုင်ငံတင်မဟုတ်ပဲ၊ တရုတ် နဲ့ အရှေ့တောင်အာရှဒေသတွေမှာပြုလုပ်တဲ့ ဖက်ရှင်ရှိုးတွေမှာ တခြား ကြယ်ပွင့်တွေနဲ့အတူပါဝင်လေ့ရှိပြီး သူ့ရဲ့နာမည်ကိုပရိသတ်တွေရဲ့ရင်ထဲရောက်အောင်လည်းစွမ်းဆောင်နိုင်ခဲ့သူပါ။

အသက် ၁၂ နှစ်အရွယ်လေးနဲ့မလိုက်တဲ့ အောင်မြင်မှုကိုရရှိနေသူ နက်စ် ကတော့ တခြားကလေးငယ်လေးတွေအတွက် Inspirational Icon တစ်ခုဆိုရင်လည်းမမှားဘူးပေါ့။

Gabriel
Source : nextsharkbkk









we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။