ချစ်သူနဲ့ လမ်းခွဲလိုက်တာကို ပရိသတ်တွေက သိချင်နေကြတဲ့ နေခြည်ဦး

မြန်မာပြည်ရဲ့ အအောင်မြင်ဆုံး Beauty Blogger တစ်ယောက်ဖြစ်ပြီး အနုပညာရှင် တစ်ယောက်အဖြစ်လဲ နာမည်ရလာခဲ့ နေခြည်ဦးကတော့ သူရဲ့ ချစ်သူကောင်လေး အောင်နွေဦးနဲ့ လမ်းခွဲလိုက်ပြီလို ပြောခဲ့ပါတယ်။




ဒီအကြောင်းကို မော်ဒယ်နဲ သရုပ်ဆောင် တိုင်ရွန်က နေခြည်ရဲ့ အချစ်ရေးကို ပြောခဲ့တာပါ။ နေခြည်ဦးနဲတိုင်ရွန်က နစ်နှစ်တာ ခင်မင်မူ ရှိခဲ့တဲ့ သူငယ်ချင်းတွေဘဲဖြစ်ပါတယ်။ နေခြည်ချစ်သူနဲပြတ်သွားတယ်ဆိုတာ အံသြစရာလို ဖြစ်ကြပေမဲ့ နေခြည်ဦးကတော့ တိုင်ရွန်ကိုဘဲ ရယ်ပြီး ဘာမှပြန်မပြောနိုင်ဖြစ်ခဲ့တာပါ။ လွန်ခဲ့တဲ့ရက်ကဘဲ နေခြည်ဦးက ချစ်သူနဲကမ်းခြေတောင်သွားခဲ့သေးတာ။



နေခြည်ဦးတစ်ယောက်ကတော့ ခုဆို Single ဖြစ်နေပြီး နောက်ထပ် ချစ်သူ သစ်များရှိလာမလား တစ်ယောက်တည်း အထီးကျန်နေမလား ဆိုတဲ့ ပရိသတ်ရဲ့ မေးခွန်းအမြောက်များဟာ အတိုင်းမသိကြားနေရပါတယ်။ ဒါပေမဲ့ ချစ်သူကောင်လေးကတော့ နေခြည်ဦးနဲ့ သူရဲ့ အမှတ်တရတွေကို ရော သူမနဲ့ အတူတူ ပုံလေးတွေပါ ခုထိ instagram account မှာ မဖျက်သေးဘဲ ရှိနေပါသေးတယ်။



နေခြည်ဦး အခုလက်ရှိမှာတော့ မင်းသားအောင်ရဲလင်းနဲ့ အတူ ရုပ်ရှင်ရိုက်နေတယ်လို့ သိရပြီး ပရိသတ်တွေကရော ဘယ်လိုထင်မြင်ကြလဲ ချစ်သူ အသစ် ထပ်ရလာမှာလား Single ဘဝနဲ့ဘဲ နေခြည်ဦးကနေသွားမလား ။




photo credit 

 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။