ကျည်တစ်ချက်မဖောက်ပဲ အမေရိကန်လေတပ်ကိုအပိုင်သိမ်းမယ်လို့တရုတ်နိုင်ငံပြော

ကျည်ဆံတစ်ချက်မဖောက်ပဲ ကမ္ဘာ့အင်အားအကြီးဆုံးလေတပ်ကို အပိုင်သိမ်းမယ်ဆိုတော့ ဘယ်လိုတွေတောင်များလုပ်မလဲပေါ့…။ Transformer ထဲကလိုမျိုးပဲ စက်ရုပ်သေးသေး ( bot ) လေးတွေနဲ့ ဟက် ပြီးလေတပ်ကြီးကို အပိုင်သိမ်းမလား ဆိုပြီးတွေးမိသေးတယ် …။

တရုတ်နိုင်ငံဟာ ဖြစ်လာနိုင်တဲ့ ပုခုံးချင်း ယှဉ်ဖက်နိုင်ငံနဲ့ ထိပ်တိုက်တွေ့မှုအတွက် ကြိုတင်ပြင်ဆင်ပြီး စစ်ရေးပါဝါကို ရုတ်ချည်း အလျင်အမြန် ကြီးထွားအောင် တည်ဆောက်နေပါတယ်။ ဒါပေမယ့် တရုတ်ဟာ လက်တွေ့စစ်ပွဲထက် အဟန့်ကောင်းတဲ့ စစ်အင်အားကို ပိုပြီး ပစ်မှတ်ထား ရှေးရှုနေတယ်လို့ ဆိုကြပါတယ်။ အမေရိကန်က လက်နက်ကိုင် ထိပ်တိုက်တွေ့မှု မဖြစ်ပွားချင်လောက်တဲ့ စစ်အင်အား တောင့်တင်းမှု ပြယုဂ်ရှိရေးကို တရုတ်က ပိုပြီး ရည်ရွယ်လုပ်ဆောင်နေတာပဲ ဖြစ်ပါတော့တယ်။

တရုတ်ရဲ့ လေတပ်အင်အား ကြီးထွားလာမှုကို သုတေသနတစ်ရပ်က မီးမောင်းထိုးပြလျက် သတိပေးထားတာက အမေရိကန် တိုက်ရိုက်စစ်ပွဲ မဖြစ်ပွားချင်လောက်အောင် တောင့်တင်းတဲ့ လေတပ်အင်အား ရှိနေကြောင်းကို ပြသပြီး ဟန့်ကိုယ့်ဖို့ စစ်အင်အားကို ဖန်တီးဖော်ဆောင်နေတာ ဖြစ်ကြောင်း ထောက်ပြထားပါတယ်။

အင်အားကြီးထွားလာစ တရုတ်လေတပ်ဟာ အမေရိကန်ရဲ့ နည်းပညာနဲ့ မဟာဗျူဟာတွေ နှစ်ရပ်စလုံးမှာ ယှဉ်ပြိုင်နိုင်ဖို့ ရည်သန်ထားတယ်လို့ စစ်ရေးစွမ်းရည်နဲ့ စစ်ရေးဗျူဟာတွေကို မကြာခဏ စောင့်ကြည့်တဲ့ Rand ကော်ပိုရေးရှင်းမှ Project Air Force အဖွဲ့က ဖော်ပြထားတာ ဖြစ်ပါတယ်။

“အရေးကြီးဆုံး စဉ်းစားသုံးသပ်ရမှာက တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် PLA ရဲ့ အာကာသဝေဟင် စစ်ရေးကဏ္ဍအတွက် ကြိုးပမ်းမှုတွေ အများစုဟာ အမေရိကန် ထိပ်တိုက်စစ်ပွဲအတွင်း ဝင်မလာနိုင်လောက်အောင် အဟန့်ကောင်းတဲ့ စစ်အင်အား ပြသနိုင်ဖို့ဆိုတာပါပဲ။”လို့ ယင်းအဖွဲ့ရဲ့ အစီရင်ခံစာက ဆိုပါတယ်။
“လုံလောက်တဲ့ အရေအတွက်မှာ တိကျတဲ့ စစ်ရေးစွမ်းရည်ကို တည်ဆောက်ပြီး အမေရိကန်ကို လက်တွေ့စစ်ပွဲထိ မရောက်အောင် အဟန့်ပြထားနိုင်ဖို့အတွက်ပါပဲ။ အမေရိကန်ကို ပစ်မှတ်ထားပြီး လေတပ်စစ်ရေးစွမ်းရည်ကို တိုးမြှင့်နေတာဖြစ်တယ်။ အမေရိကန်က စစ်ပွဲအတွက် တွန့်ဆုတ်သွးစေမယ့် ပုခုံးချင်း ယှဉ်နိုင်တဲ့ စွမ်းရည်ကို ပြသပြီး ကျည်တစ်ချက်မဖောက်ရဘဲ မဟာဗျူဟာအရ အနိုင်ပိုင်းထားနိုင်ဖို့ ဖြစ်တယ်။”လို့ အဆိုပါ အစီရင်ခံစာက ဆိုပါတယ်။

အမေရိကန်ရဲ့ လေတပ်စွမ်းရည်ကို ပုံတူကူးချခြင်း ဒါမှမဟုတ် ကိုယ်ပိုင်တီထွင်ခြင်းတွေဟာ တရုတ်ရဲ့ ဒီရည်မှန်းချက်အတွက် မရှိမဖြစ် လမ်းကြောင်းတွေပဲ ဖြစ်နေပါတယ်။ “ဒီလို အမေရိကန်နဲ့ လေတပ်မှာ ပုခုံးချင်းယှဉ်နိုင်အောင် ပုံတူးကူးယူခြင်းနဲ့ လိုက်ဖက်အောင် ပြင်ခြင်းတွေဟာ တရုတ်နိုင်ငံအတွက် အဖိုးအခ နည်းနည်းနဲ့ လျင်လျင်မြန်မြန် ပန်းတိုင်ရောက်အောင် ဆောင်ကြဉ်းပေးနေတာလည်း ဖြစ်ပါတယ်။”လို့ အဲဒီ အစီရင်ခံစာက ဆိုပါတယ်။

Rand Corp. အစီရင်ခံစာဟာ မူလကက လေတပ်အကြီးအကဲတွေကိုပဲ ၂၀၁၇ စက်တင်ဘာမှာ ဖြန့််ဝေအသိပေးထားတာဖြစ်ပေမယ့် ဒီလမှာပဲ အများကို ချပြလာတဲ့ အစီရင်ခံစာတစ်ရပ်ပဲ ဖြစ်ပါတယ်။

Ref : Times of Israel
Crd : မောင်သံဆင့်



we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။