အရိုးခိုက်အောင်အေးတဲ့ အအေးဒဏ်အောက်မှာ မျက်လုံးပွင့်ပြီးထိုင်လျက်သား သေဆုံးနေတဲ့သမင်လေး

ဒီဇင်ဘာရဲ့ဆောင်းဟာ မြန်မာနိုင်ငံမှာ အဲ့ဒီလောက်မသိသာပေမယ့် ဥရောပနိုင်ငံ နဲ့ အမေရိကတိုက်နိုင်ငံတွေမှာတော့ ရိုက်ခတ်မှုက သိသိသာသာကြီး ပြင်းထန်လွန်းပါတယ်။

အမေရိကတိုက် တစ်နိုင်ငံဖြစ်တဲ့ ကနေဒါမှာ ကြမ်းတမ်းတဲ့ရာသီဥတုကျရောက်နေပြီဖြစ်ပြီး အခုဆိုရင်သိသိသာသာ အပူချိန်ကျဆင်းလာမှုကြောင့် ဒေသခံတွေ၊ မွေးမြူရေးခြံတွေနဲ့ သားရဲတိရစ္ဆာန်တွေဟာ ဆိုးရွားတဲ့ရာသီဥတုကို ကြံ့ကြံ့ခံပြီး ရင်ဆိုင်နေရပါပြီ။

ကနေဒါနိုင်ငံအနောက်မြောက်ပိုင်း၊ အယ်လ်ဘာတာ ဒေသက ငါးဖမ်းသမားတစ်ယောက်ဟာ ရေကန်တစ်ကန်ရဲ့ဘေးမှာ သမင်လေးတစ်ကောင်ထိုင်လျက်၊ မျက်လုံးဖွင့်အနေအထားနဲ့ အေးခဲပြီးသေဆုံးနေတာကို သနားစရာမြင်တွေ့ခဲ့ရပါတယ်။

ငါးဖမ်းသမား ရဲ့နာမည်က ဇာခရီဘရောင်း လို့ခေါ်ပြီး သူဟာ ရေခဲပြင်အပေါက်ဖောက်ငါးမျှားတာအပြင်၊ တောဝက်၊ ခွေးအတွေကိုလည်း အပျော်တမ်းအမဲလိုက်ရှင်းလင်းပါသေးတယ်။ မုဆိုးတစ်ယောက်ဖြစ်ပေမယ့် အခုလိုမျိုး သွေးခဲသေဆုံးနေတဲ့ သမင်လေးကိုမြင်ရတော့လည်း စိတ်ထဲမှာအတော်လေး မကောင်းဘူးဖြစ်ရတယ်လို့ဆိုပါတယ်။

အခုလိုမြင်ကွင်းမျိုးဟာ သူ့တစ်သက်မှာ ပထမဆုံးအကြိမ်မြင်ရတဲ့မြင်ကွင်းဖြစ်ပြီး သစ်တောပြုန်းတီးမှု နဲ့ ဖောက်ပြန်လာတဲ့ရာသီဥတုအခြေအနေတွေဟာ တောကောင်တွေနဲ့သဘာဝပတ်ဝန်းကျင်အပေါ်အဆိုးဆုံးသက်ရောက်မှုရှိနေတာကို ပြသလိုက်တာဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

Gabriel
Source : dailymail.co.uk









we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။