တင်တွေ၊ ရင်တွေမဟုတ်ပဲ မိန်းကလေးတွေရဲ့ စွဲဆောင်မှုရှိတဲ့တခြားအစိတ်အပိုင်း ( ၈ ) မျိုး

မိန်းကလေးတစ်ယောက် စွဲဆောင်မှုရှိမရှိဆိုတာကို တစ်ချို့က အဲဒီမိန်းကလေးရဲ့ တင်သားတွေ၊ ရင်သားတွေဖွံ့ဖြိုးမှုရှိမရှိဆိုတဲ့အချက်နဲ့လိုက်ပြီး တိုင်းတာကြတယ်။ မှန်သင့်သလောက်တော့မှန်ပါတယ်။

ဒါပေမယ့် အဲဒီအစိတ်အပိုင်းတွေက မိန်းကလေးတစ်ယောက်ရဲ့ တကယ်တမ်းစွဲဆောင်မှုရှိတဲ့အစိတ်အပိုင်းတွေတော့မဟုတ်သေးပါဘူး။ တစ်ချို့အလုံးအပေါက်ကြီးကြီးနဲ့မိန်းကလေးတွေ ရုတ်တရက်ကြည့်ရင်လှသလိုထင်ရပေမယ့် သေချာကြည့်လိုက်ရင် မလှတော့ဘူး။ တစ်ချို့ကျတော့ရုတ်တရက်ဆို မလှဘူးထင်ရပေမယ့် တစ်စိမ့်စိမ့်ကြည့်လေလေ၊ ပိုပြီးလှလာလေလေပဲ .. အကြည့်ခံတယ်ပေါ့။

တစ်ကိုယ်လုံးခြုံကြည့်ရင် မိန်းကလေးတစ်ယောက်ကို ပိုလှအောင်ပံ့ပိုးပေးထားတဲ့အစိတ်အပိုင်းလေးတွေအများကြီးပါ။ သိသလောက်ပြောရမယ်ဆိုရင် …

( ၁ ) လက်မောင်း

မိန်းကလေးတစ်ယောက်ရဲ့ အလှတွေထဲမှာ လက်မောင်းလေးတွေလည်းအပါအဝင်ပါ။ သွယ်သွယ် ( ဒါမှမဟုတ် ) ခပ်ပြည့်ပြည့် လက်မောင်းလေးတွေပိုင်ဆိုင်ထားတဲ့ မိန်းကလေးတွေဟာ လက်ပြတ်အင်္ကျီလေးတွေဝတ်လိုက်တဲ့အခါ ပိုပြီးစွဲဆောင်မှုရှိသွားတတ်ကြတယ်။

( ၂ ) သွားတက်လေးတွေ

အထူးတလည်ပြောနေစရာမလိုတဲ့အချက်ပါ။ သွားတက်လေးတွေ ပေါ်အောင်ရယ်တတ်တဲ့ကောင်မလေးတစ်ယောက်ဟာ မလှရင်တောင် ချစ်ဖို့ကောင်းတဲ့မိန်းကလေးအမျိုးအစားထဲ ပါတတ်ကြတယ်။

( ၃ ) ပါးချိုင့်

နောက်တစ်ချက်ကတော့ ပါးချိုင့်လေးတွေပါပဲ။ ဆံပင်ရှည်ရှည်၊ မြန်မာဆန်ဆန်ရင်ဖုံးလေးဝတ်ပြီး ပြုံးလိုက်တိုင်း ပါးချိုင့်လေးတွေပေါ်လာတတ်တဲ့ ကောင်မလေးတစ်ယောက် ဟာ ယောကျာ်းလေးတွေရဲ့ စိတ်ကူးထဲက မင်းသမီးလေးတစ်ယောက်ပါပဲ။

( ၄ ) မျက်လုံးဝိုင်းဝိုင်းလေးတွေ

ရှေးစာဆိုတွေ သတ်မှတ်ထားကြတဲ့ အလှအပစံတွေထဲ ဝိုင်းစက်စက်မျက်လုံးလေးတွေလည်းအပါအဝင်ပါ။ မျက်လုံးဟာ စိတ်ရဲ့ထွက်ပေါက်ဆိုသလို၊ စိတ်ထဲက ခံစားချက်မှန်သမျှဟာ မျက်လုံးမှာပေါ်နေတတ်တယ်။ ဝိုင်းစက်ပြီး ရွှန်းလဲ့နေတဲ့မျက်ဝန်းတစ်စုံအောက်မှာ တစ်ခါတစ်လေ ကျွန်တော်တို့ကျရှုံးဖူးတယ်မဟုတ်လား ?

( ၅ ) အနက်ရောင်ဆံပင်ရှည်ရှည်လေးတွေ

ဆံပင်ဒီဇိုင်းတွေဘယ်လိုပြောင်းလာလာ၊ ဆံပင်တွေကို ဘယ်လို ကာလာတွေပဲဆိုးဆိုး၊ နက်မှောင်ပြီး ပျော့အိနေတဲ့ ဆံပင်ရှည်လေးတွေကိုပိုပြီး နှစ်သက်တတ်တယ်ဆိုတာ ဝန်ခံလိုက်ပါ။ မြန်မာလူမျိုးဖြစ်နေတာကြောင့်လည်း အဲဒီလို နက်မှောင်ရှည်လျားတဲ့ဆံနွယ်တွေကို ကျွန်တော်တို့ မြတ်နိုးတတ်ကြပါသေးတယ်။ နောက်ပြီး မိန်းကလေးတွေထဲမှာ နက်မှောင်တဲ့ဆံနွယ်ရှည်ကြီးတွေနဲ့ မိန်းကလေးတစ်ယောက်က ပိုပြီး ထင်ပေါ်နေတယ်ဆိုတာ ငြင်းမရဘူးလေ။

( ၆ ) ခါးသိမ်သိမ်လေး

မြန်မာဝတ်စုံလေးဝတ်လိုက်တိုင်း ခါးသိမ်သိမ်လေးဖြစ်နေတဲ့ ကောင်မလေးတွေကို ( လှ၏မလှ၏ထား ) ကျွန်တော်တို့ စက္ကန့်တော်တော်လေးကြာအောင် ငေးမောကြည့်တတ်ကြတယ်။ မိန်းကလေးတစ်ယောက်ရဲ့ စွဲဆောင်မှုရှိလွန်းတဲ့အလှအပစံတွေထဲမှာ သေးသွယ်သွယ်ခါးလေးတစ်စုံလည်း အပါအဝင်ပါပဲ။

( ၇ ) ခြေချောင်းလက်ချောင်းလေးတွေ

မိန်းကလေးတော်တော်များများရဲ့ လက်ချောင်း၊ ခြေချောင်းလေးတွေက သွယ်လျလျနဲ့လှလှလေးတွေများကြပါတယ်။ သွယ်လျပြီးသန့်ရှင်းနေတဲ့ခြေချောင်း၊ လက်ချောင်းလေးတွေဟာလည်း သူတို့ရဲ့အလှကို နောက် level တစ်ဆင့်ရောက်သွားစေတဲ့အချက်တစ်ခုပါပဲ။

( ၈ ) နှုတ်ခမ်းဖူးဖူးလေးတွေ

နှုတ်ခမ်းနဲ့ပတ်သက်ပြီး အလှအပဆိုင်ရာ သတ်မှတ်ချက်တွေကတော့ အများကြီးမို့လို့ အနည်းနဲ့အများတော့ ဝိဝါဒကွဲနိုင်တယ်။ တစ်ချို့တွေက နှုတ်ခမ်းပါးပါးနဲ့မိန်းကလေးတွေကို အလှဆုံးလို့ထင်ကြတယ်။ ကျွန်တော်ကတော့ နှုတ်ခမ်းဖူးဖူး ( ထော်ထော် ) နဲ့မိန်းကလေးတွေက ပိုပြီးချစ်ဖို့ကောင်းတယ်လို့သတ်မှတ်ပါမယ်။ နှုတ်ခမ်းလေးစူပြီးဘာကိုအလိုမကျဖြစ်နေမှန်းမသိတဲ့ပုံလေးက အရမ်းချစ်ဖို့ကောင်းတယ်လေ။

အလှအပနဲ့ပတ်သက်လို့ မြင်သလောက်ကတော့ အဲ့ဒီလောက်ပါပဲ။ ထပ်မံပြီးဖြည့်စွက်ချင်လည်းရပါသေးတယ်။ တစ်ခုရှိတာက အပေါ်က အချက်တွေအကုန်လုံး ( ဒါမှမဟုတ် ) တစ်ချို့တစ်ဝက်နဲ့ပြည့်စုံတဲ့ မိန်းကလေးတစ်ယောက်ဟာ အထက်တန်းကျောင်း၊ တက္ကသိုလ်ကျောင်းသားဘဝက ခင်ဗျားတို့ရင်ထဲမှာ အတော်ကြာကြာနေရာယူခဲ့ဖူးတယ်ဆိုတာတော့ ကျွန်တော်ကျိန်းသေပေါက်ပြောလို့ရပါရဲ့ …..

Gabriel




we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။