ခဏလေးအတွင်းမှာတင် ကြည့်ရှုနှုန်းတစ်ဟုန်ထိုးမြင့်တက်ခဲ့တဲ့ ရန်သူ trailer

ချီချီ နဲ့ ရွှေကစ် တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ရန်သူ ရုပ်ရှင်ကားဟာ ပရိသတ်တွေကြားထဲမှာ အရမ်းရေပန်းစားနေသလို၊ လတ်တလော လူစိတ်ဝင်စားမှုမြင့်တက်နေတဲ့ ရုပ်ရှင်ကားကြီးတစ်ကားလည်းဖြစ်ပါတယ်။

ဒီဇင်ဘာ ( ၁ ) ရက်နေ့မှာ ရန်သူ ရဲ့ official trailer ကိုတင်ခဲ့ပြီး ဒီဇင်ဘာ ( ၃ ) ရက်နေ့လည်လောက်အထိ ရန်သူ ရဲ့ trailer ကိုကြည့်ရှုသူပေါင်း ( 669k ) အထိရှိခဲ့တာဖြစ်ပါတယ်။ ရွှေကစ် နဲ့ ချီချီ တို့ရဲ့ ပထမဦးဆုံး collab ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး နာမည်ကျော်အနုပညာရှင်နှစ်ဦးရဲ့ သရုပ်ဆောင်မှုတွေကို တစ်ဝကြီးကြည့်ရှုရမှာဖြစ်လို့ ပရိသတ်တွေအရမ်းစိတ်ဝင်စားနေတာလည်းဖြစ်ပါတယ်။

ဒီကားမှာ ရွှေကစ် ကို သူမရဲ့ သရုပ်ဆောင်မှုတွေကနေခွဲထွက်ပြီး ယောကျာ်းလေးတစ်ယောက်လိုဖြစ်နေတဲ့ Tomboy တစ်ယောက်အဖြစ်တွေ့ရမှာဖြစ်ပြီး ချီချီကိုတော့ နူးညံ့သိမ်မွေ့တဲ့ တက္ကသိုလ်ကျောင်းသူကောင်မလေးတစ်ယောက်အဖြစ်တွေ့ရမှာပါ။ လှပချောမောတဲ့ကောင်မလေးကို သက်ထင်ညို ( နေမင်း ) နဲ့အတူ ဆန်းကြယ် ( ရွှေကစ် ) တို့ အပြိုင်လုရာကနေ နောက်ဆုံးဘယ်လို twist တွေ၊ trick တွေဖြစ်လာမလဲဆိုတာတော့ ဒီဇင်ဘာ ( ၁၄ ) ရက်ကျမှပဲ မြင်ရမှာပါ။

ရန်သူ ဇာတ်ကားကြီးကို ဒါရိုက်တာ မီးပွား က ရိုက်ကူးပြီး၊ စာရေးဆရာမ လွန်းထားထား ရဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်ပါတယ်။

Gabriel






we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။