5G ကွန်ယက်စမ်းသပ်မှုကြောင့် ရာနဲ့ချီတဲ့ဌက်ကလေးများသေဆုံးခဲ့ရ

လွန်ခဲ့တဲ့တစ်ပတ်လောက်က နယ်သာလန်နိုင်ငံ၊ သည်ဟေ့ဂ် ( The Hague ) မြို့က ပန်းခြံနဲ့လမ်းမတွေပေါ်မှာ ရာနဲ့ချီတဲ့ ဌက်အသေလေးတွေကို ဒေသခံတွေမြင်တွေ့ခဲ့ကြရပါတယ်။
လက်ရှိစာရင်းတွေအရ သေဆုံးရတဲ့ဌက်အရေအတွက်ဟာ ၁၅၀ ကျော်ကျော်ထိရှိပြီး နောက်ထပ်သေဆုံးမှုတွေလည်းရှိလာနိုင်တယ်လို့သိရပါတယ်။ နောက်ထပ်သေဆုံးမှုတွေနဲ့ပေါင်းလိုက်ရင် စုစုပေါင်းသေဆုံးမှုအရေအတွက်ဟာ ၂၉၇ က နေ ၃၀၀ နီးနီးထိရှိလာနိုင်တယ်လို့သိရပါတယ်။

များပြားတဲ့ဌက်တွေသေဆုံးမှုကို ဒေသခံတွေစတင်သတိထားမိလာကြပြီး အကြောင်းရင်းကိုရှာဖွေကြတဲ့အခါမှာ ကျယ်ပြန့်တဲ့ 5G အင်တာနက်ကွန်ယက်ကိုစမ်းသပ်မှုကြောင့်ဖြစ်တယ်လို့တွေ့ရှိခဲ့ကြပါတယ်။ 5G ကွန်ယက်စမ်းသပ်ရာ မြို့လယ်ကနေ ဒတ်ချ်ဘူတာရုံအထိ ဌက်အသေရာနဲ့ချီတွေ့ရှိခဲ့ရပြီး အနီးအနားရေအိုင်ထဲက ငန်းတွေဟာ သူတို့ရဲ့ခေါင်းတွေကို ရေထဲမှာအချိန်တော်တော်ကြာမြှုပ်ထားတာ၊ ဆောက်တည်ရာမရပဲ အော်ဟစ်နေကြတာ စတဲ့ ထူးထူးဆန်းဆန်းအပြုအမူတွေကို တွေ့ခဲ့ရတယ်လို့ လက်တွေ့စမ်းသပ်မှုမှာပါဝင်တဲ့ အမည်မဖော်သူတစ်ယောက်က ဆိုပါတယ်။

5G ကွန်ယက်စမ်းသပ်ရာကနေ ထွက်ရှိလာတဲ့ ရေဒီယိုလှိုင်းအလျားတိုတွေ၊ ဒက်ဆီဘယ်လ်ပမာဏလောက်သာရှိတဲ့ အသံလှိုင်းတွေဟာ လေထဲမှာရှိနေတဲ့ သတ္တဝါတွေကို ဆိုးဆိုးဝါးဝါးထိခိုက်မှုဖြစ်ပေါ်စေပြီး၊ သူတို့ရဲ့အမြင်အာရုံ နဲ့ ပျံသန်းမှုမှာ ဇဝေဇဝါတွေဖြစ်စေပါတယ်။ အနီးစပ်ဆုံးနားလည်အောင်ပြောရမယ်ဆိုရင် အမြင့်ပေသုံးသောင်းလောက်မှာ လူတစ်ယောက်ကို အောက်ဆီဂျင်ဘူးမပါပဲ လေယာဉ်မောင်းခန်းထဲထိုင်ခိုင်းထားသလို၊ အဆက်မပြတ်အထက်အောက်လူးလှိမ့်နေတဲ့ ( Do a barrel roll ) လေယာဉ်မောင်းခန်းထဲမှာ ဝင်ထိုင်နေရသလိုမျိုးပါပဲ။

သေဆုံးနေတဲ့ဌက်တွေကို စစ်ဆေးတဲ့အခါမှာ ပြင်ပရောဂါတွေဖြစ်တဲ့ အအေးမိတာ၊ ဗိုင်းရပ်စ် နဲ့ ဘက်တီးရီးယားတွယ်ကပ်တဲ့လက္ခဏာတွေကိုမတွေ့ရပါဘူး။ ခန္ဓာကိုယ်အတွင်းအစိတ်အပိုင်းတွေလည်းအကောင်းပကတိရှိနေတာကိုတွေ့ရတယ်လို့ဆိုပါတယ်။ ဒါပေမယ့်ဖြစ်နိုင်ချေရှိတဲ့ သာဓကတစ်ခုကတော့ 5G မိုက်ခရိုဝေ့ဗ်လှိုင်းတွေဟာ ဌက်တွေရဲ့ နှလုံး၊ ဦးနှောက်၊ အမြင်အာရုံ နဲ့ နားစည်တွေကို ပြင်းပြင်းထန်ထန်သက်ရောက်မှုရှိခဲ့တယ်လို့သိရပါတယ်။

တစ်ချို့လူတွေကတော့ မိုက်ခရိုဝေ့ဗ်လှိုင်းတွေနဲ့ထိတွေ့ရတာက ဘာသက်ရောက်မှုမှမဖြစ်စေဘူးလို့ဆိုကြတယ်။ ဒါပေမယ့် အဲဒီမိုက်ခရိုဝေ့ဗ်လှိုင်းတွေနဲ့ နာရီတိုင်း၊ နေ့တိုင်း အဆက်မပြတ်ထိတွေ့မှုတွေဖြစ်လာတဲ့အခါမှာ ခန္ဓာကိုယ်ပေါ်သက်ရောက်မှုကြီးကြီးမားမားတစ်ခုတော့ဖြစ်လာမှာပါပဲ။ ဥပမာတစ်ခုပြောရမယ်ဆိုရင် ဖုန်းကိုနာရီနဲ့ချီပြီးကြည့်နေတာ၊ နာရီနဲ့ချီပြီးဖုန်းပြောတာတွေလုပ်ရင် လူရဲ့မျက်လုံး၊ ဦးနှောက်တွေကိုဆိုးဆိုးရွားရွားထိခိုက်တယ်ဆိုတာ ငြင်းမရသလိုပေါ့။

သေဆုံးရတဲ့ဌက်ကလေးတွေထဲမှာ ကျီးကန်း၊ ရေစစ္စလီ၊ စာကလေး၊ ခိုတွေအပြင် Raven ( သပိတ်လွယ် ) နဲ့ Kingfisher ( ပိန်ညင်း ) လို ရေစပ်၊ မြစ်ကမ်းနားဘေးမှာ နေထိုင်တဲ့ဌက်မျိုးစိတ်တွေပါ ပါဝင်ခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး သည်ဟေ့ဂ် ရဲ့ သဘာဝပတ်ဝန်းကျင်စောင့်ရှောက်ရေးနဲ့တိရစ္ဆာန်အခွင့်အရေးကာကွယ်သူအဖွဲ့အစည်းတွေစုပေါင်းပြီး နယ်သာလန်ရဲ့ ဆက်သွယ်ရေးကုမ္ပဏီကြီးဖြစ်တဲ့ FCC ကိုတရားစွဲဖို့ပြင်ဆင်နေပြီဖြစ်ပါတယ်။

Gabriel
Source : captain-planet.net

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။