ကြော်ငြာရိုက်ကူးဖို့ မကြာခဏ ပြန်လွှတ်ပေးခဲ့ရတဲ့ ကမ္ဘာ့အချောဆုံးအကျဉ်သား

Jeremy Meeks  ဆိုတဲ့ အမျိုးသားဟာ ကမ္ဘာ့အချောဆုံးအကျဉ်းသားအဖြစ် သတ်မှတ်ခံထားရပြီး သူဟာ ကြော်ငြာရိုက်ကူးဖို့အတွက် အကျဉ်းဌာန တာဝန်ရှိသူတွေက နာရီပိုင်းမျှ လွှတ်ပေးခဲ့တယ်လို့သိရပါတယ်။ Meeks ဟာ အမေရိကန်နိုင်ငံမှာ ဖမ်းဆီးခံထားရပြီး ကြော်ငြာရိုက်ဖို့အတွက် ဗြိတိန်ကို လေယာဉ်နဲ့သွားရောက်ခွင့်ရခဲ့တယ်လို့ သိရပါတယ်။

Meeks ဟာ ရဲအစောင့်အရှောက်များနဲ့ ဟီးသရိုးလေဆိပ်ကို ဆိုက်ရောက်လာခဲ့ပြီး Meeks နဲ့အတူ မန်နေဂျာ Jim Jordan၊ ဇနီးဖြစ်သူ Melissa တို့လည်း ပါဝင်ပါတယ်။ Meeks ကြော်ငြာရိုက်ကူးပြီးတာနဲ့ မန်နေဂျာနဲ့ Meeks ဇနီးသည်တို့ဟာ အင်္ဂလန်မှာပဲ နေရစ်ခဲ့ရပြီး Meeks ကိုတော့ အမေရိကန်လေကြောင်းလိုင်းနဲ့ အကျဉ်းထောင်ကို ပြန်လည်ခေါ်ဆောင်သွားကြတယ်လို့ သိရပါတယ်။

ဘာလို့ နာမည်ကြီးသွားတာလဲ ဆိုတာကတော့ Meeks ဟာ (၂၀၁၄)ခုနှစ်မှာ လက်နက်အက်ဥပဒေနဲ့ အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် (၂၇)လကျခံခဲ့ရပါတယ်။ သူဟာ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံရပြီးနောက်မှာ ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်တဲ့ တရားခံဓာတ်ပုံဟာ Media တွေ၊ လူမှုကွန်ယက်တွေပေါ်မှာ ပျံ့သွားခဲ့ပါတယ်။

အဲ့နောက်မှာတော့ Meeks ရဲ့ မျက်နှာပေး၊ ခန္ဓာကိုယ်အချိုးအစားဟာ ဖက်ရှင်သမားတွေ သဘောကျစရာဖြစ်ခဲ့ကြပြီး ကြော်ငြာရိုက်ကူးဖို့အတွက် အပြိုင်အဆိုင် ကမ်းလှမ်းမှုတွေ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း Meeks ဟာ LA ရှိ ပါတီတစ်ခုကို တက်ရောက်ခဲ့ရပြီး ManAboutTown အတွက် မျက်နှာဖုံး Cover Photo အရိုက်ခံခဲ့သေးတယ်လို့ သိရပါတယ်။ သူရဲ့မန်နေဂျာ Jim ကတော့ Meeks ကို အင်္ဂလန်ကို ခေါ်ဆောင်သွားစဉ်မှာ ရဲတွေက အတင်းအကြပ် ချုပ်နှောင်တာမျိုး မရှိဘဲ၊ ဘေးကနေ ဝန်းရံလိုက်ရုံသာရှိခဲ့တယ်လို့ ထုတ်ဖော်ခဲ့ပါတယ်။

Meeks ဟာ မကြာခင်မှာ ထောင်ကနေ ပြန်လည်လွတ်မြောက်တော့မှာဖြစ်တဲ့အပြင် ကျန်ရှိတဲ့ ဘဝကို သရုပ်ဆောင်၊ ကြော်ငြာမော်ဒယ်နဲ့ အသက်မွေးဝမ်းကြောင်းပြုသွားမယ်လို့ သိရပါတယ်။ နောက်ထပ် Meeks ဟာ အခုအချိန်ထိ လုပ်ငန်းစာချုပ်တွေ မနားရအောင် လက်ခံနေရဆဲလို့ သိရပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။