အန္တရာယ်ကြုံတွေ့လာတဲ့အခါ အထပ်မြင့်တိုက်ပေါ်မှ လူတွေကို ကယ်တင်မယ့် ဒရုန်းများ တရုတ်တီထွင်

တရုတ်နိုင်ငံဟာ နည်းပညာပိုင်းမှာ အလွန်ကို ခေတ်မှီဖွံ့ဖြိုးတိုးတက်နေပြီး အခုဆိုရင်လည်း တရုတ်နိုင်ငံက တက္ကသိုလ်ကျောင်းသားတွေဟာ Net Guard လို့ခေါ်တဲ့ ဒရုန်းကို စတင်ဒီဇိုင်းထုတ်လုပ်လိုက်ပြီလို့ သိရပါတယ်။

အဲ့ဒီ Net Guard ဒရုန်းဟာ ဆိုရင် အန္တရာယ်ဖြစ်နေတဲ့ တည်နေရာကိုအတိအကျသိနိုင်မယ့် GPS စနစ်များ ပါဝင်ပြီး မီးဘေး အန္တရာယ်ဖြစ်ပေါ်လာပါက မီးလောင်နေတဲ့အဆောက်အဦဆီကို ချက်ချင်းပြေးသွားနိုင်မှာလည်း ဖြစ်ပါတယ်။

နောက်ထပ် ဒီ Net Guard ဒရုန်းမှာ တပ်ဆင်ထားတဲ့ ပိုက်ကွန်ကိုတော့ Polyurethane အလွှာလေးထပ်နဲ့ ပြုလုပ်ထားပြီး လူကြီးတစ်ယောက်ကို ကောင်းကောင်းမွန်မွန်သယ်နိုင်လောက်အောင်ကို ဖန်တီးပြုလုပ်ထားပါတယ်။ ဒါ့အပြင် လှုပ်ရှားမှု အာရုံခံစနစ်တွေလည်း တပ်ဆင်ထားတဲ့အတွက် အကူအညီတောင်းနေတဲ့ လူရှိရင် ချက်ချင်းနေရာကိုသိနိုင်မှာဖြစ်သလို အထပ်မြင့် တိုက်ပေါ်က ပြုတ်ကျလာတဲ့သူတွေကိုလည်း လေထဲမှာ ဖမ်းပေးနိုင်မှာလည်းဖြစ်ပါတယ်။

တကယ်ကို ကောင်းမွန်တဲ့ Net Guard ဒရုန်းကို ဖန်းတီးတဲ့သူတွေကတော့ Guangdong Polytechnic တက္ကသိုလ်နဲ့ Schools of Electronic Engineering And Art တက္ကသိုလ်မှ ကျောင်းသား(၆)ယောက်ဖြစ်ပြီး Golden Pin Concept Design Award ဆုပေးပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဖန်တီးခဲ့ကြတာပဲဖြစ်ပါတယ်။ အခုထိတော့ သူတို့ရဲ့ဖန်တီးမှုဟာ ပြီးပြည့်စုံခြင်းမရှိသေးပေမယ့် လူမဲ့ ကယ်တင်ရေး ယာဉ်ပျံတွေကိုဖန်တီးဖို့အတွက် ဆက်လက်ကြိုးစားသွားမှာဖြစ်တယ်လို့ သူတို့ကပြောပြခဲ့ပါတယ်။

Video ကြည့်ရန် .........

Crd; DHN

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။