Final Evening Gown Round အတွက် Evening Gown အချိန်မီရောက်မလာတဲ့အပြင် ရှိတာဝတ် လို့အပြောခံလိုက်ရတဲ့ ရွှေအိမ်စည်

ပိုလန် မှာ Miss Supranational ပြိုင်ပွဲအတွက်ရောက်ရှိနေတဲ့ ရွှေအိမ်စည် ဟာ ဒီနေ့ပြိုင်ပွဲဖြစ်တဲ့ Final Evening Gown Round မှာ ဝတ်ဆင်ဖို့အတွက် Evening Gown အချိန်မီရောက်ရှိမလာခဲ့ဘူး လို့သိရပါတယ်။
အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီး Si Thu Myo Tint လူမှုကွန်ယက်အကောင့်ကနေ အခုလိုပဲ တင်ထားခဲ့ပါတယ်။

" Org ကြီးတစ်ခုလုပ်နေပြီးတော့
နိုင်ငံရပ်ခြားမှာ တစ်ယောက်တည်းပြိုင်နေရတဲ့
အသက်20သာသာမိန်းကလေးတစ်ယောက်ကို ဘာSupporting မှမပေးတဲ့အပြင်အပြင်းအထန်ကြိုးစားနေတဲ့စိတ်ဓာတ်ကိုပါရိုက်ချိုးနေရတာပျော်လားSupporting မလုပ်ပေးရင်နေအပြစ်မပြောဘူး
စိတ်ဓာတ်တွေရိုက်မချိုးကြနဲ့
မသွားခင်ကတည်းကသွားဖို့ကိုနေ့ရွှေ့ညရွှေ့ မသိတဲ့အပြင်ကလူတွေကို ကလေးကပဲမိသားစုနဲ့ ပြဿနာတတ်သလိုလို သူတို့ကပဲကလေးဘေးကအားပေးနေသလိုလို တကယ်တော့ သူတို့ကအဝေးမှာ
ကုန်ကုန်ပြောရရင်နောက်နှစ်မှသွားပြိုင်ပါလားတောင်ပြောတာ
အေး Camp ကာလမှာ Supporting ပေးနေတယ် ပေးနေတယ်နဲ့ Official page လေးကနေ post တင်ပေးနေတာ Supporting လား
မသွားခင်တောင် ကသောကမျောနဲ့အမြန်ထွက်သွားရရှာတာ
ဟိုနေ့လိုလို ဒီနေ့လိုလို နဲ့ မဖြစ်ဖြစ်အောင်သွားမယ်ဆိုပြီး ကလေးမှာရှိတာတွေအကုန်ဆွဲလွဲထည့်သွားရှာတာ Winter Dress တွေဆို အန်တီက အင်္ဂလန်ကဝယ်လာရှာလို့ ပေါ့ သူတို့ စီစဉ်ပေးတာသာစောင့်ရင် ဟိုမှာလေဖြတ်သေလောက်တယ်
အခု Camp ကာလမှာ ဝတ်နေတာတွေ အကုန်အိမ်စည့်ဟာတွေချည်းပဲ
အခုလည်း Final Evening Gown ကသွားမယ့်ရက်မှာအချိန်မှီမရဘူး
နောက်မှ သူတို့လိုက်လာမယ်ဆိုတော့ လိုက်လာမယ်ဆိုအဲ့ကျယူခဲ့ပေါ့
ခုကမျလိုက်ဖြစ်ဘူး ဆိုတော့ ကလေးက Final Evening Gown Round မှာ ဘာဝတ်ရမှာတုန်း
Evening Gown အရမ်းအရေးကြီးတာသိရက်နဲ့ ကြိုကြိုတင်တင်လည်းမပြော အခု last minute ကျမှ မလိုက်ဖြစ်ဘူးဆိုပြီး
ပြောလိုက်သေးတယ် " ရှိတာဝတ်လိုက်လေ " ဆိုတော့
ဘယ်မှာလဲ ND တစ်ယောက်အနေနဲ့ Org တစ်ခုအနေနဲ့
တာဝန်ယူမှု ဒီနေ့တစ်ရက်သည်းခံမလို့ပဲ ဘယ်လိုမှမနေနိုင်တော့လို့ …" 

ဒါ့အပြင်ရွှေအိမ်စည်ကလည်း သူရဲ့ အကောင့်မှာ သူအရမ်းစိတ်ညစ်၊ စိတ်ပျက်ရပါတယ် ဆိုပြီး I am very disappointed ဆိုပြီးတင်ထားခဲ့တဲ့အတွက် သူ့ရဲ့ ပရိသတ်တွေအရမ်းစိတ်ပူနေကြတာဖြစ်ပါတယ်။

Final Evening Gown Round ဖြစ်တဲ့အတွက် Evening Gown နဲ့ပြိုင်ရမှာပါ။ ဒါပေမယ့် Evening Gown က အချိန်မီမရတဲ့အပြင် ယူလာမယ့်သူတွေက နောက်ဆုံး last minute ကျမှ ရှိတာဝတ်လိုက်လေ လို့ပြောလိုက်တာဖြစ်တဲ့အတွက် အဆိုပါ Organization ရဲ့ တာဝန်ယူတာဝန်ခံမှုအပေါ် ပရိသတ်တွေအပြင်းအထန်ဝေဖန်နေကြတာဖြစ်ပါတယ်။

Gabriel
Crd : Si Thu Myo Tint fb, Shwe Eain Si fb

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။