ငွေစက္ကူအတုတွေနဲ့အလိမ်ခံရတဲ့အပြင် အဖမ်းလည်းခံရတဲ့ စင်ကာပူဇနီးမောင်နှံအကူအညီမဲ့နေ

မြန်မာနိုင်ငံကို ဇနီးဖြစ်သူရဲ့ အလုပ်ကိစ္စနဲ့လာရောက်ရင်း ငွေစက္ကူအတုအရွက် ( ၄၀ ) ကျော် လက်ဝယ်တွေ့ရှိမှု နဲ့ ဘုမသိဘမသိအဖမ်းခံရတဲ့ စင်ကာပူဇနီးမောင်နှံရဲ့အမှုဟာ မကြာသေးခင်က ပူပူနွေးနွေးဖြစ်ပျက်ခဲ့ပါတယ်။

ဇနီးမောင်နှံ ဟာ မြန်မာနိုင်ငံကိုမလာခင် စင်ကာပူ၊ ချန်ဂီလေဆိပ် ငွေလွှဲကောင်တာမှာ မြန်မာငွေလဲလှယ်ခဲ့ရာမှာ တစ်သောင်းတန်အတုတွေဖြစ်နေပါတယ်။ သူတို့ဇနီးမောင်နှံက အဲဒါတွေကိုမသိပဲ လာရောက်ရင်း ရွှေတိဂုံဘုရားပေါ်မှာ အဖမ်းခံခဲ့ရတာပါ။

အဲဒီအတွက် စင်ကာပူမှာရှိတဲ့ ငွေလွှဲလုပ်ကိုင်သူတွေကိုခေါ်ယူစစ်ဆေးတဲ့အခါမှာ အဲဒီ Indian ငွေလွှဲလုပ်ကိုင်သူတွေရော၊ တခြားငွေလွှဲလုပ်ကိုင်သူ ၁၈ ဦးဟာ ထွက်ပြေးတိမ်းရှောင်နေတယ်လို့သိရပါတယ်။
ခုနက ဇနီးမောင်နှံအကြောင်းထပ်ပြောပါမယ်။ မြန်မာနိုင်ငံမှာအဖမ်းခံနေရတဲ့ လင်မယားနှစ်ဦးဟာ ငွေတွေလည်းအလိမ်ခံရတဲ့အပြင်၊ ဖြစ်ပျက်သမျှကို မလိမ်မညာနဲ့ပြောပြန်တော့လည်း အဖမ်းခံရပြန်တယ်။ မိအေးနှစ်ခါနာတဲ့အဖြစ်ပါ။ နောက်တစ်ခုကတော့ ပြသနာရဲ့ရင်းမြစ်ကို မစုံစမ်းပဲ တစ်ပွဲတိုးလုပ်တတ်တဲ့အကျင့်ဆိုးတစ်ခု ပေါ်လာတာပါပဲ။

နစ်နာမှုတွေကတော့ အများကြီးပါ။ သူတို့ဟာ အလုပ်ကိစ္စနဲ့လာတာပါ။ အလည်မဟုတ်တဲ့အတွက် အချိန်ကန့်သတ်ချက်ရှိပါတယ်။ အဲ့ဒီအတွက် သူတို့ရဲ့အလုပ်အကိုင်ထိခိုက်ပါတယ်။ အချိန်တွေလေလွင့်ပါတယ်။ နံပါတ် နှစ်အနေနဲ့ သူတို့ရဲ့ကိုယ်ပိုင်ငွေတွေဆုံးရှုံးပါတယ်။ တာဝန်ယူတာဝန်ခံမှုတစ်ခုရှိရပါမယ်။ သူတို့နိုင်ငံမှာဖြစ်လို့၊ သူတို့ငွေကိုမြန်မာငွေနဲ့လဲလို့၊ မစစ်ဆေးလို့ဆိုပြီးအပြစ်တင်လို့မရပါဘူး။ စင်ကာပူမှာ ငွေအတုမရှိဘူးလေ။ သူတို့ဘယ်လိုလုပ်သိမလဲ။ နံပါတ် သုံး အလိမ်လည်းခံရသေး၊ ပလိန်းကြီးလည်းအဖမ်းခံရသေးဖြစ်တဲ့အတွက် နစ်နာမှုတွေရှိပါတယ်။

အမှုမှန်ပေါ်တဲ့အထိဆက်ပြီး အဲ့ဒီလိုထိန်းသိမ်းထားမယ်။ အမှုမှန်သာပေါ်လာခဲ့မယ်ဆိုရင် သက်ဆိုင်သူတွေရဲ့ နစ်နာမှုအတွက် ဘယ်သူတွေဘယ်လိုတာဝန်ခံကြမလဲဆိုတာ စဉ်းစားစရာဖြစ်လာပါမယ်။
နောက်ထပ်တစ်ခုကတော့ ဒီသတင်းသာ ကမ္ဘာကို ပြန့်သွားခဲ့တယ်ဆိုရင် ငွေအတုတွေပေါများလွန်း၊ လုံခြုံမှု၊ တာဝန်ယူတာဝန်ခံမှုမရှိတဲ့ နိုင်ငံဆိုပြီး ဘယ်သူမှ လာချင်မှာ၊ လာရဲမှာ မဟုတ်တော့ပါဘူး။ အဲ့ဒီအခါ ခရီးသွားဝင်ရောက်မှုနည်းသွားပါမယ်။ ခရီးသွားနည်းလာတဲ့အခါ နိုင်ငံခြားငွေရရှိမှုလျော့ကျသွားပါမယ်။ နောက်ဆက်တွဲ အနေနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးအပေါ် တစ်နည်းတစ်ဖုံ သက်ရောက်မှုရှိလာနိုင်ပါတယ်။
အဲ့ဒီအခါ ဘယ်သူ့အပြစ်ဆိုပြီးလက်ညှိုးထိုးကြမလဲ .. စိတ်ဝင်စားစရာပါ ..

မြန်မာငွေတောင် မမြင်ဖူးတဲ့ နိုင်ငံခြားဧည့်သည်တွေကို အတုအစစ်မသိရကောင်းလား၊ ပြသနာရဲ့အရင်းခံကို မရှာပဲ ဖမ်းဆီးထောင်ချတဲ့ ဥပဒေတွေဘုံးပေါလအော သုံးပြီး ခရီးသွားကဏ္ဍမြှင့်တင်မယ် လို့ကြွေးကြော်နေတာကတော့ ရယ်စရာ၊ စိတ်ပျက်စရာကြီးဖြစ်နေပါတယ်။

Gabriel
Crd : ZN.H, Lin Myat Maung fb


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။